Unicode
ညနေပိုင်းအားလပ်ချိန်မှာ ရိပေါ်ကကိုကို့ရုံးခန်းဘက်ထွက်လာခဲ့တယ်။
စခန်းမှူး တာဝန်ယူပေးနေတဲ့ကလေးမို့ ရိပေါ်က ကိုကို့ရုံးခန်းကိုတော့ဖြင့် တံခါးမရှိဓါးမရှိဝင်ထွက်နိုင်တယ်။ဒေါက် ~~ဒေါက်
"ဝင်ခဲ့ပါ..."
အခန်းတံခါးကိုဆွဲပိတ်ကာ ဝင်လာလိုက်တော့ ကိုကို့မှာအရမ်းအံ့သြသွားတဲ့ပုံ
"ဘယ်လိုလုပ်ရောက်လာတာလဲ..."
"ဖန်းရှင်းကို ဆရာယွီပင်းကခေါ်သွားတော့ ကျွန်တော်တစ်ယောက်တည်းပျင်းနေလို့ "
ရိပေါ်က ရှောင်းကျန့်အလုပ်စားပွဲပေါ်ထိလျှောက်လိုက်ပြီး စားပွဲခုံတက်ထိုင်လိုက်တယ်။
ရှောင်းကျန့်ညှပ်ပေးထားတဲ့ ရှေ့တစ်လက်မ ဆံပင်ပုံနဲ့ရိပေါ်ကအသဲယားစရာ။ရိပေါ်ရဲ့ခြေထောက်တွေက ထိုင်နေတဲ့ရှောင်းကျန့်ရဲ့ခါးကိုလှမ်းခွလိုက်တယ်။
"ရိပေါ် ဖယ်စမ်း~ ငါreportရေးနေတယ်.."
စာရွက်တွေပေါ်တက်ထိုင်နေတဲ့ ရိပေါ်ကိုတွန်းတော့ ဖက်တီးတစ်တုတ်လေးက ရှောင်းကျန့်ပေါင်ပေါ်နေရာပြောင်းကာထိုင်လေတယ်။
"ကိုကို~ "
ရှောင်းကျန့်ရဲ့ လည်ပင်းကိုရစ်သိုင်းဖက်လိုက်ပြီးခေါင်းလေးကိုတော့ဖြင့် ရှောင်းကျန့်ပုခုံးပေါ်မှေးတင်လိုက်တယ်။
ကိုကို့ရဲ့ရင်ခုန်တွေကို ရိပေါ်အတိုင်းသားကြားနေရပါတယ်။
ရိပေါ်က မိဘတွေအရိပ်မှာနေရတာထက် ကိုကို့အင်္ကျီစလေးကိုဆွဲပြီးနေရတာ ပိုလုံခြုံတယ်လို့ခံစားရတယ်။
ကိုကို့လည်တိုင်လေးကို နှုတ်ခမ်းတွေနဲ့ဖိကပ်ထားလိုက်တယ်။ရင်ဘတ်ထဲမှာတော့ နွေးထွေးခြင်းအပြည့်နဲ့။
နောက် ကိုကို့လက်တွေက ရိပေါ်ခါးလေးကို ပွေ့ဖက်လာပါတော့တယ်။
ကိုကို့ဆီမှာ သူတစ်ယောက်တည်းအတွက် နေရာသီးသန့်လေးရှိနေပြီဆိုတာ သူသိလိုက်ပါတယ်။
"ကိုကို မနက်ဖြန် နေ့လည်စာစားချိန်ကျ လာခဲ့နော်.."
"ကိုယ်မနက်ပိုင်းသွားစရာရှိတယ်။ နေ့လည်စာချိန်အမှီပြန်နိုင်ပါ့မလား မသိဘူး။"