တီရှပ်ပွပွနဲ့ဂျင်းဘောင်းဘီကို စမတ်ကျကျဝတ်ထားတဲ့ ရဲသင်တန်းသားလေးက အမှုစစ်ရဲ့ရုံးခန်းထဲမှာမိန့်မိန့်ကြီးထိုင်နေလေတယ်။
ရိပေါ်က မနက်ကတည်းက ရုံးခန်းကိုလိုက်လာပြီး ဂိမ်းထိုင်ဆော့နေတာဖြစ်တယ်။ reportရေးရင်း လှမ်းလှမ်းရှိုးရတာလဲ အလုပ်တစ်လုပ်၊၊
အပြင်ဘက် ဝန်ထမ်းတွေက ဟိုစပ်စုဒီစပ်စုနဲ့၊ စာတွေရောက်လာတတ်တာမို့ ရှောင်းကျန့်မှာသက်ဆိုင်သူရှိမှန်း သိထားကြပေမယ့် ဒီလိုငယ်ငယ်ရွယ်ရွယ်ကောင်ချောလေးမှန်း မသိထားကြ။
"ကိုကို ကျွန်တော့်ကို ဂရုမစိုက်နဲ့ဆို၊ လုပ်စရာရှိတာလုပ်။ "
"အမ် အင်း အင်း "
မျက်လုံးရှေ့တည့်တည့်ကြီးမှာထိုင်နေတာ ဘယ်လိုလုပ်ဂရုမစိုက်မိပဲနေမလဲ။နာရီကိုကြည့်တော့ နေ့လည်စာစားချိန်ရောက်ခါနီးပြီမို့ လုပ်လက်စအလုပ်ကို ခပ်မြန်မြန်လက်စသပ်နေလိုက်သည်။
"ရိပေါ် နေ့လည်စာဘာစားမလဲ။ "
"ရတယ် ဘာဖြစ်ဖြစ် "
ဂိမ်းဆော့မပျက်မို့ အနှောင့်အယှက်မပေးတော့ပဲ စစ်ဆေးစရာများကို ဆက်စစ်ဆေးနေလိုက်တယ်။
တီ တီ
"ဟာ shittttt "
ဂိမ်းဆော့နေတုန်း ဖုန်းဝင်လာတာမို့ ကုန်းအော်ချလိုက်တဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ပါတုန်တက်သွားရသည်။
"ကျစ် !! ဟုတ်ပြီဗျာ မနက်ဖြန်လာခဲ့မယ်။ "
ဖုန်းကိုချပြီး ဘေးခုံပေါ်ပစ်တင်ကာ ရှောင်းကျန့်ကိုစိုက်ကြည့်လာတယ်။ ရှောင်းကျန့်လဲ မျက်လုံးကိုတောင်ကြည့်မြောက်ကြည့်လုပ်ကာ
"ဘာ ဘာလဲ "
"ထမင်းသွားစားမယ် ဗိုက်ဆာပြီ "
"အင်း ခဏလေး၊ ကားထုတ်ထားမလား ကိုကိုလိုက်ခဲ့မယ်လေ။ "
"ဟင့်အင်း တူတူပဲသွားမယ်။ "
နှုတ်ခမ်းထော်ထားတဲ့ ဘဲဆူပုတ်လေးကြောင့်ရှောင်းကျန့်မှာ အလုပ်တွေပစ်ထားခဲ့ပြီး အပြင်ထွက်ဖို့ပြင်ရပါတယ်။