Zawgyi
"ကျွန်တော်ရူးနေလို့"
ခန့်ညားချောမောသည့်ရုပ်ရည်နှင့်မလိုက်အောင် ပြီတီတီလုပ်နေသည့်သူ့ရှေ့ကလူကိုကြည့်ပြီး Nick လက်ထဲကဘောပင်ကိုချလိုက်သည်။ခြေထောက်တွေကိုဟန်ပါပါချိတ်၊လက်ကိုပိုက်ကာ သူ့ရှေ့ကလူကိုအကဲခတ်နေလိုက်သည်။သူ့ရဲ့ခုံကိုနောက်သို့မှီကာ အကဲခတ်နေသည့်ပုံကိုမြင်တော့ ထိုလူကပခုံးတစ်ချက်တွန့်သည်။
သူ့အနေနှင့်လုပ်ငန်းသဘောအရပက်သက်ခဲ့ရသည့်လူတွေအများကြီးပင်။Psychologist တစ်ယောက်ဖြစ်သည့် သူ့ထံသို့ရောက်လာကြသည့်မျိုးစုံသောလူတွေက သူ့ကိုမျိုးစုံသောအကြောင်းအရာတွေရင်ဖွင့်တတ်ကြသည်။သူတို့ရဲ့စိတ်ကျန်းမာရေးနှင့်ပက်သက်ပြီးအားပေးနှစ်သိမ့်မှုကိုခံယူကြပြီး သူ့ဆီကအကြံဉာဏ်ကောင်းများကိုရယူကြသည်။ဒါတွေကသူအမြဲတမ်းလုပ်နေကျအလုပ်ပင်။
ဒါပေမယ့်အခုသူ့ရှေ့မှာရှိနေသည့်လူကတော့ သူအရင်တွေ့နေကျလူတွေနှင့်မတူ။စူးရဲသည့်မျက်လုံးတွေကိုပိုင်ဆိုင်ထားသည့်ထိုလူ့ထံတွင်တိကျသပ်ရပ်သည့်နှုတ်ခမ်းတစ်စုံလည်းရှိလို့နေပြန်သည်။ပုံကျသည့်မေးရိုးကြောင့်ခန့်ညားနေသည့်ထိုလူ့အသွင်က ခပ်ညိုညိုနှုတ်ခမ်းထက်ကပြီတီတီအပြုံးကြောင့်အနည်းငယ် အမှောင်ဓာတ်လွှမ်းနေသည်။
သူ့အလုပ်ကလူတွေရဲ့ဘဝအကြောင်းကိုနားထောင်ပေးရသည့်အလုပ်ပင်။အမြဲတမ်း stress ပေါင်းစုံကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေသည့် လူပေါင်းစုံ၏စိတ်ဓာတ်ပိုင်းဆိုင်ရာကျန်းမာရေးကို သူကတာဝန်ယူဆောင်ရွက်ပေးရသည်။တစ်ခါတစ်ရံအနည်းငယ်စိတ်ကယောက်ကယက်ဖြစ်နေသည့်လူမျိုးကိုပင်သူကုပေးရတတ်သည်။
အခုလည်း သူထိုင်နေကျဆေးခန်းသို့ လူနာအမည်ခံကာရောက်လာသည့် ထိုလူက ရောက်ရောက်ချင်းပင်သူ့ကိုထူးဆန်းသည့်စကားတွေ ထူးဆန်းသည့်အပြုအမူတွေနှင့်ဆက်ဆံခဲ့သည်။သူ့ထံသို့ရောက်လာသည့်လူတိုင်းက ထိုလူ့လိုမျိုးသူ့ကိုတွေ့တွေ့ချင်း "ကျွန်တော်ရူးနေလို့" ဟုဘယ်သူမှမပြောဘူးခဲ့။
YOU ARE READING
ပြိုင်မျဉ်းတစ်စုံ