Zawgyi
"Shit!!!!"
မှန်ထဲတွင်မြင်နေရသည့် သူ့ပုံစံကိုသူကြည့်ပြီး နေဝန်းနီကျိန်ဆဲလိုက်မိသည်။သေချာတာပေါ့.......သူ့ကိုသူကျိန်ဆဲတာတော့ ဘယ်ဟုတ်လိမ့်မလဲ။သူ့ကိုအခုလို မြင်မကောင်းရှုမကောင်းအောင် ကိုက်ရာတွေဗရပွပေးသွားခဲ့သည့် မိုးသားရိပ်ကိုကျိန်ဆဲခြင်းပင်။
ကိုယ်လုံးပေါ်မှန်ရှေ့တွင်မြင်နေရသည့်သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ကိုက်ရာတွေက နေရာမလပ်။အဟုတ်ကို ကိုက်ရာတွေပင်။ထိုကိုက်ရာတွေက ဇာတ်ကားတွေထဲတွင်သူမြင်ဖူးနေကျ အရာတွေနှင့်တော့အတော်လေးကိုကွာခြားသည်။သွားရာတွေအကွင်းလိုက်အကွက်လိုက်ထင်နေသည့် သူ့ခန္ဓာကိုယ်ထက်ရှိအရာတွေက romance scene တွေထဲက အနီစက်တွေလိုမျိုးဟုတ်မနေခဲ့။အားပြင်းပြင်းဖြင့်အသားနာစေရန်ရည်ရွယ်ကိုက်ခဲထားခဲ့သည်မို့ အချို့နေရာတွေက သွေးချေပင်ဥနေလေသည်။
သူတို့နှစ်ယောက်ဟာ မနေ့ညတုန်းကဒုတိယအကြိမ်မြောက်စပ်ယှက်မှုလုပ်ရန်ကြိုးစားခဲ့ကြသည်။ပထမဆုံးအကြိမ်သူတို့နှီးနှောမှုတုန်းက သူကအမှန်ကိုမူးနေခဲ့ခြင်းဖြစ်သည်။ ထို့အတူသူ့စိတ်တွေဟာလည်း အတက်အကျ၊အနိမ့်အမြင့်ဖြင့် ရှုပ်ထွေးနေခဲ့သည်။မိုးသားရိပ်သည်လည်းထိုနည်းလည်းကောင်းပင်။ထိုအချိန်က မိုးသားရိပ်၏စိတ်တွေဟာလည်းရောထွေးနေခဲ့သည်မို့ သူတို့နှစ်ဦးသားဟာ ဘာကိုမှထိန်းချုပ်ထားနိုင်ခြင်းမရှိခဲ့။အချိန်အတော်ကြာ မြိုသိပ်ထားခဲ့ရသည့်ခံစားချက်တွေနှင့်ဆန္ဒတွေဟာ ပေါက်ကွဲလာခဲ့ပြီး သူတို့နှစ်ယောက်လုံးကိုဝါးမြိုသွားခဲ့သည်။ထိုအကြိမ်တုန်းက သူတို့လုပ်သမျှအပြုအမူတိုင်းဟာ နှလုံးသား၏စေစားရာအတိုင်း၊စိတ်၏ညွှန်းဆိုရာအတိုင်းသာဖြစ်သည်။ဘာကိုမှထိန်းချုပ်စောင့်ထိန်းခြင်းမရှိခဲ့ကြ။
ဒါပေမယ့်မနေ့ညက အခြေအနေကတော့ထိုသို့ဟုတ်မနေခဲ့။မနေ့ညက သူတို့နှစ်ယောက်လုံးဟာ မူးမနေခဲ့သလို၊စိတ်ရှုပ်ထွေးခြင်းလည်းရှိမနေခဲ့ကြ။ထို့အပြင် နှစ်ယောက်သားဟာ အရက်တစ်ခွက်သာသောက်ပြီး ပျော်ပျော်ကြီးတက်ညီလက်ညီမူးချင်ယောင်ပင်ဆောင်နေခဲ့ကြသေးသည်။သူတို့၏တောက်လောင်ပြင်းပြနေခဲ့သည့်စိတ်ဆန္ဒတွေကို အရက်ထံသို့ပြိုင်တူလွှဲချခဲ့ကြသည်။
YOU ARE READING
ပြိုင်မျဉ်းတစ်စုံ