Zawgyi
သူ့အနားတွင်ကပ်ပါလာသည့် စစ်မှန်သော်ကိုကြည့်ပြီး Nick တကယ်ကိုနားမလည်နိုင်ဖြစ်နေရသည်။အစကို ဒီပွဲကိုသွားဖို့သူ့ကိုအတင်းလွှတ်နေသည့် စစ်မှန်သော်က အခုသူကိုယ်တိုင်ပါ Nick ရဲ့နံဘေးကနေပြီးပွဲတက်ဖော်အဖြစ်ရှိနေသည်။
"အဆင်သင့်ဖြစ်ပြီလား"
သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာလန်းဆန်းသည့်အပြုံးလေးဖြင့်မေးလာသည့် စစ်မှန်သော်က ဒီနေ့မှာတော့အရင်အချိန်တွေကထက်ပိုမိုခန့်ညားသားနားနေသည်။ခရမ်းရောင်အစင်းလေးတွေပါသည့်ပုဆိုးနှင့်လိုက်ဖက်ညီအောင် ဝတ်ဆင်ထားသည့်ခရမ်းရောင်အင်္ကျီလေးက စစ်မှန်သော်၏ခန့်ညားမှုတွေကို ပို၍ထောက်ပံ့ပေးနေသည်။
မှန်ချပ်လေးတွေဖြင့်ကာရံထားသည့်ဆိုင်လေးက အတွင်းဒီဇိုင်းကလည်းဆန်းပြားကာအဆင့်အတန်းရှိသည့် အသွင်တစ်ခုကိုဆောင်နေသည်။သူတို့နှစ်ဦးသား ဆိုင်ထဲသို့လှမ်းဝင်လာချိန်တွင် တိတ်ဆိတ်နေသည့်ဆိုင်လေးထဲတွင် စားသုံးသူတစ်ယောက်စ နှစ်ယောက်စကိုတွေ့ပေမယ့် ထိုလူတွေက Nick သိသည့်လူတစ်ယောက်မှမဟုတ်။ဆိုင်များမှားလာမိလားဟု Facebook ကိုဖွင့်ကာ Tag တွဲထားသည့် post မှလိပ်စာကိုပြန်ကြည့်မည်ဟုတွေးနေတုန်း သွက်လက်လှသည့်စစ်မှန်သော်က Waiter တစ်ယောက်ကိုခေါ်ကာ သိလိုသည်များကိုမေးနေလေပြီ။
နောက်တော့ ထို Waiter လေး၏အကူအညီဖြင့်ပင်သူတို့နှစ်ဦးသား သီးသန့်ခန်းတစ်ခုဆီသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့သည်။ထိုသီးသန့်ခန်းထဲတွင် Nick ၏နှစ်ကာလရှည်စွာမေ့လျော့ထားခဲ့ရသည့်နာကျင်မှုတွေရှိသည်။ထိုနာကျင်မှုတွေကိုယူလာမည့်သူတွေက သူငယ်ချင်းအမည်ခံထားသည့်လူတွေပင်။
"စိတ်ကိုလျှော့ထား.......ဒါကတိုက်ပွဲသေးသေးလေးတစ်ခုပဲ၊မင်းနောက်ကိုဒီ့ထက်ပိုပြီးကြီးမားခက်ခဲတဲ့ ဘဝတိုက်ပွဲတွေအများကြီးတိုက်ရဦးမှာ၊အဲ့တာကြောင့် ဒီလိုကိစ္စသေးသေးလေးအတွက်နဲ့စိတ်ကိုအရမ်းကြီးအဖိစီးမခံနဲ့။ဒါက မင်းလွယ်လွယ်နဲ့အနိုင်ယူနိုင်တဲ့ကစားပွဲလေးတစ်ခုပဲ"
YOU ARE READING
ပြိုင်မျဉ်းတစ်စုံ