Zawgyi
ခပ်မြူးမြူးသီချင်းသံလေးကခန်းမတစ်ခုလုံးတွင်ပျံ့လွင့်နေသည်။လှပသည့်မီးရောင်လေးတွေဖြန့်ကျဲထားသည့်စင်ပေါ်တွင် သွက်လက်လှပစွာကပြဖျော်ဖြေနေသည့်အဖွဲ့တစ်ဖွဲ့ရှိနေလေသည်။
"ဟုတ်ကဲ့ အခုဆိုရင် makeup artist တစ်ယောက်ဖြစ်တဲ့ (....)ကနေပြီးကျွန်မတို့ကုမ္မဏီရဲ့ cosmetic တွေကိုအသုံးပြုပြီး make up tutorial တစ်ခုကိုပြင်ပြပေးမယ့်အစီအစဉ်ဖြစ်ပါတယ်။အားလုံးပဲ လက်ခုပ်လေးတီးပြီးကြိုဆိုလိုက်ရအောင်"
သွက်လက်လှပသည့် presenter မိန်းမပျိုလေး၏ကြေညာသံအဆုံးမှာ လက်ခုပ်သံတွေကနေရာအနှံ့အပြားမှထွက်ပေါ်လာလေသည်။
ဒီနေ့ပွဲကိုတက်ရောက်လာကြသည့်လူတွေထဲကတစ်ဝက်လောက်နီးပါးကအစိမ်းရောင်တွေကိုပုံစံအမျိုးမျိုးဖြင့်ဝတ်ဆင်ထားကြသည်။ကုမ္မဏီအကြီးအကဲတွေမှအစ စင်နောက်တွင်တာဝန်ကျနေသည့် Crew အဖွဲ့တွေအဆုံး အကုန်လုံးကအစိမ်းရောင်ကိုဝတ်ဆင်ထားကြသည်။ဒါကလည်းသူတို့ကုမ္မဏီ၏အမှတ်တံဆိပ်အရောင်အတိုင်းဝတ်ဆင်ကြတာဖြစ်သည်။ထို့အပြင်သူတို့ဖျော်ဖြေရေးကဏ္ဌအတွက်ဖိတ်ကြားထားသည့်ဧည့်သည်တွေနှင့် artist တွေကိုပါပွဲအတွက် ကြိုတင်ပြီးကမ်းလှမ်းထားသည်မို့ သူတို့တွေသည်လည်းအစိမ်းရောင်တွေနှင့်ပင်။ထို့ကြောင့်ဒီအခမ်းအနားတစ်ခုလုံးက အစိမ်းရောင်တွေဖြင့်လွှမ်းနေလေသည်။
"ပျင်းနေပြီလား..."
အနောက်ခုံကနေကိုယ်ကိုကိုင်းကာသူ့နားလေးနားကပ်ပြောလာသည့် တစ်စုံတစ်ယောက်၏အသံကြောင့် Nick ရဲ့မျက်ခုံးတွေကတွန့်ကွေးသွားသည်။ဒီလူကသူအိမ်ကထွက်ကတည်းကသူနှင့်ကပ်ပါလာတာပင်။သူ့ဘက်ကမျိုးစုံနှင်ထုတ်သော်လည်းခေါင်းမာလွန်းသည့်ထိုလူကြောင့် နောက်ဆုံးသူ့ဘက်ကပင်အလျှော့ပေးကာ ထိုလူ့ကိုခေါ်လာရသည်ပင်။
"ခင်ဗျား ကစားလို့မဝသေးဘူးလား"
အနောက်ခုံသို့ခပ်လျော့လျော့လေးမှီပြီး ထိုလူ့ကိုအံကြိတ်ကာပြောလိုက်တော့ ထိုလူကဖြူဖွေးဖွေးသွားများပေါ်သည့်အထိရယ်ကာပခုံးလေးတစ်ချက်တွန့်သည်။
YOU ARE READING
ပြိုင်မျဉ်းတစ်စုံ