Zawgyi
စာအုပ်လေးတစ်အုပ်နှင့်ငြိမ်သက်စွာရှိနေသည့် Nick ၏တည်ရှိမှုလေးက စစ်မှန်သော်အတွက်တကယ်ကိုအေးမြမှုကိုပေးစွမ်းသည်။မှန်ပြင်ခပ်ပါးပါးခြားထားသည့် Nick ၏မျက်လုံးဝိုင်းလေးတွေက သူ့အတွက်တော့ဘယ်တော့မှရိုးအီသွားမှာမဟုတ်သည့်သလင်းကျောက်လေးတွေနှယ် ကြည့်မဝနိုင်ဖြစ်ရသည်။
"သူက ကျွန်တော့်ချစ်သူ"
ကျောင်းသားဟောင်းတွေ့ဆုံပွဲနေ့က အားလုံးရဲ့အလယ်မှာရဲရင့်ပြတ်သားစွာပြောထွက်လာခဲ့သည့် Nick ၏စကားသံကိုပြန်တွေးမိရုံနှင့် Nick ၏နှလုံးသားတွေက မြင်းရိုင်းတစ်ကောင်လိုခုန်ပေါက်လာသည်။အမှန်တိုင်းပြောရလျှင်သူ့အနေနှင့် Nick ဘယ်ကသူ့အပေါ်ကိုဒီလောက်အထိအလေးအနက်ရှိလိမ့်မည်ဟုတစ်ခါမျှတောင်မတွေးဖူးခဲ့။Nick ကိုမယုံကြည်သည့်သဘောမျိုးမဟုတ်ပေမယ့် သူကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းနေခြင်းဖြစ်သည်။
"Nick"
လည်ပြန်လှည့်ကြည့်လာသည့် Nick ၏မျက်လုံးလေးတွေကအချိန်တိုင်းကြည်လင်တောက်ပနေသည်။ဒါပေမယ့်ထိုအကြည့်တွေထဲတွင် စိမ်းသက်သည့်အငွေ့အသက်တစ်စုံတစ်ရာကိုလည်းသူခံစားမိသည်။
"Nick..."
အနားသို့ကပ်ထိုင်ကာ စာအုပ်ကိုကိုင်ထားသည့်လက်ကလေးကိုမြတ်နိုးမှုအပြည့်ဖြင့်အသာထွေးယူတော့ Nick ကသူ့ရဲ့လက်ကိုသိသိသာသာဖယ်ခွာသည်။ဒါက ဒီရက်ပိုင်းအတွင်းသူကြုံနေရသည့်ကိစ္စတစ်ခုပင်။တွေ့ဆုံပွဲကပြန်လာပြီးကတည်းက Nick ၏ပုံစံကအနည်းငယ်ထူးဆန်းနေသည်။Nick ၏ပွင့်လင်းစွာဝန်ခံမှုကြောင့်သူ့မှာပျော်ရသလို Nick ၏ရုတ်တရတ်ဆန်လွန်းလှသည့်ပြောင်းလဲမှုအတွက်လည်းသူ့မှာမတင်မကျဖြစ်နေရသည်။
"ကိုယ့်တို့လက်ထပ်ကြမလား"
ဒါကဒီတစ်ချိန်လုံးသူ့ဘက်က တွေးနေမိသည့် မျှော်လင့်နေခဲ့သည့်ဆန္ဒဖြစ်သည်။Nick အပေါ်တွင်ထားသည့်သူ့ရဲ့ခံစားချက်တွေက အစပိုင်းမှာလေးနက်မှုမရှိဘဲပေါ့ပျက်ပျက်နိုင်သလိုဖြစ်ခဲ့တာကိုတော့သူဝန်ခံပါသည်။ဒါပေမယ့် အချိန်ကြာလာသည်နှင့်အမျှ Nick အပေါ်တွင်ထားသည့်သူ့ရဲ့ခံစားချက်တွေက တစ်စတစ်စပိုလိုပင်တိုးလို့လာခဲ့သည်။ဒီလူသားနှင့်သာဆိုလျှင်သူ့ရဲ့ကျန်ရှိနေသည့်ဘဝတစ်ဝက်ကပို၍အဓိပ္ပာယ်ရှိလာလိမ့်မည်ဟု ထင်မိသည်အထိပင်။
YOU ARE READING
ပြိုင်မျဉ်းတစ်စုံ