Zawgyi font ကအောက်မှာနော်😊
Unicode font
နာမည်ကြီးအထက်တန်းကျောင်းတခုမှာ ကျောင်းသားတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။ နာမည်ရကာစ မင်းသားငယ်တယောက်ကို အလုအယှက် တိုးဝှေ့ပြီး ဝိုင်းအုံကြည့်နေကြတယ်။
"ဟယ်...ချောလိုက်တာ...!!"
"အသားရည်လေးတွေကလဲ ဝင်းနေတာပဲ...!"
"ပြုံးလိုက်ရင် ချစ်စရာလေးဟဲ့!!"
"အပြင်မှာ ပိုချောတာပဲ...!"
"အရပ်ကလဲအရှည်ကြီးပဲ...!"
"အမေရေ...အမေ့သားမက်ကို လာကြည့်ပါဦး...! "မိန်းကလေးတွေဆီက အသံမျိုးစုံ အံ့ဩရေရွတ် ရလောက်တဲ့အထိ Xiao Zhanရဲ့ ရုပ်ရည်က Perfectဖြစ်လွန်းနေတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင် ပါဘူး။ သပ်ရပ်တဲ့ အပြင်အဆင်နဲ့ လူများကြားမှာ တမူးထူးပြီး ထင်ပေါ်လွန်းနေတာကိုတော့ တားမရတဲ့ ကံကြမ္မာလိုပဲ...
Xiao Zhanရဲ့ ရုပ်ရည်ကြောင့်ပဲမဟုတ်ပါဘူး။ စိတ်ထားကောင်းပြီး ရည်မွန်တဲ့ Xiao Zhanကို လူချစ်လူခင်ပေါပြီး ကောင်းသတင်းတွေနဲ့ပဲ နာမည်ရနေတဲ့ တက်သစ်စ မင်းသားလေးတစ်ယောက်။
သူ့ကို ဝိုင်းအုံကြည့်နေတဲ့ ကျောင်းသားတွေကို ပြုံးရင်း လက်ဝှေ့ရမ်းပြကာ ရည်ရည်မွန်မွန် နှုတ်ဆက် နေတာကြောင့် ပိုပြီး အထင်ကြီးစရာကောင်းတဲ့ စံပြလူသားလို အားလုံးက ငေးမောနေကြတယ်။
Xiao-- အားလုံးပဲ မင်္ဂလာပါ...! ကျွန်တော်က Xiao Zhanပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ ဒီနေ့အေးတယ်နော်။ နွေးနွေးထွေးထွေး ဝတ်လာရဲ့လား။ ဂရုစိုက်ကြပါ....!
ခေါင်းလေးတညိတ်ညိတ်နဲ့ ရိုက်ကွင်းက staffတွေကို Xiao Zhan နှုတ်ဆက်လိုက်တယ်။
Director-- Xiao Zhan !! ဒီနေ့ outdoor ရိုက်ကွင်း ခေါ်ရတာ အားနာပါတယ်ကွာ။ ဒီနေ့အေးနေတာကို...
Xiao--ရပါတယ် Directorကြီးရယ်.. ဒီနေ့အတွက် ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်။
Director-- အေးကွာ...မင်းကိုပဲ ယုံယုံကြည်ကြည် ပုံအပ်လိုက်တော့မယ်။ကဲ...ရိုက်ကွင်း စမယ်....Directorကြီးက လက်ဝှေ့ရမ်းရင်း ဆက်တင်ကို အသင့်ပြင်ဖို့ ဆော်ဩလိုက်တယ်။
Staff 1--ဒီနေ့ အေးလွန်းတယ်။ နှင်းကျမယ်လို့ ကြေညာ ထားတယ်ဟ။
Staff2-- ရာသီဥတု အေးတော့မှပဲ ရိုက်ကွင်း တည်ရတယ်လို့ စိတ်ညစ်စရာပဲ။

YOU ARE READING
The First Snow
Fanfictionပထမဆုံးကျတဲ့နှင်းမှာ ကိုယ့်လက်တွဲဖော် ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်တယ်တဲ့။