UNICODE
ဆောင်းနံနက်ခင်းတစ်ခု။
နေခြည်လဲ မဖြာသေး။ မြူနှင်းလဲမကွဲသေး။ကျစ်ဆံမြီးနှစ်ဖက်ကို လက်ဖြင့်ဖြေထုတ်ရင်း "စိန့်ဖလိုး" လို့ သိကြတဲ့ စမ်းချောင်း(၂) ကျောင်းဝန်းထဲက မွှန်းစက်မေ ခပ်သွက်သွက် လမ်းလျောက်ပြီး ထွက်လာခဲ့သည်။
အချိန်က မနက် ၉နာရီ ကျော်ပြီဖြစ်ပေမယ့် နေရောင် မမြင်ရသေးတာမို့ အေးစိမ့်စိမ့် ဖြစ်နေသော ရာသီဥတုကို အကြောင်းပြုပြီး ကန်ဘောင်မှာ အကြော်သွားစားဖို့ ဆုံးဖြတ်လိုက်သည်။
စနေနေ့မို့ ကားမှတ်တိုင်မှာ လူရှင်းနေသေးသည်။ မှတ်တိုင်မှာရပ်နေတဲ့ ကောင်လေးတစ်ယောက်ကို မွှန်းစက်မေ ချက်ချင်း သတိထားမိသွားသည်။ Giordano တီရှပ် အနက်ဗြောင်ကို အပေါ်က ရှပ်အကျီ အဖြူဗြောင်လက်ရှည် ထပ်ပြီး sweat pant ဘောင်းဘီ အနက်နဲ့ တွဲဝတ်ထားသည်မှာ သူနဲ့ ဆင်တူဖြစ်နေ၏။ တူတာမှ စုံတွဲဝတ်စုံ (couple set) ဝယ်ဝတ်ထားသလိုကို တစ်ထပ်တည်းနီးပါး တူနေခြင်းဖြစ်သည်။
ထိုကောင်လေးလည်း သူ့ကို သတိထားမိသွားသည်။ ဖက်ရှင်ဆင်တူဖြစ်နေတဲ့ သူ့ကို အံ့သြနေဟန်ဖြင့် ပြန်ရှိုးသည်။ ဒီအချိန်မှာ အဲ့ဒီကောင်လေးကို တနေရာရာမှာ မြင်ဖူးတာ မွှန်းစက်မေ သတိရလိုက်သည်။
အရပ်က သူ့လောက်ပဲ အသက်လည်း သူ့လောက်ပဲဖြစ်မည်။ အသားဖြူဖြူ မျက်နှာသွယ်သွယ်နှင့် နုဖတ်ဖတ်ကောင်လေးသည် လည်ကုပ်မထိတထိရှိသော ဆံပင်ကို ဘေးတခြမ်းစောင်းစတိုင် အချွန်များဖော်ပြီး ညှပ်ထားသည်။
ကောင်လေးက သူ့ထံမှ အကြည့်လွှဲသွားသည်။ ဒီအချိန်မှာပဲ မွှန်းစက်မေ မှတ်မိသွားသည်။ လတ်စသတ်တော့ ဒီကောင်လေးက ဒီကောင်လေးက ယောက်ျားလေးမဟုတ်။ သူတို့ ကျောင်းက ဆယ်လီ Tomboy တစ်ယောက်ပဲ ဖြစ်သည်။ နာမည်ကို ရုတ်တရက် စဉ်းစားမရသည့်တိုင် ကောင်လေးကို သူ ကောင်းကောင်း သိနေသည်။
ကောင်လေးက သူတို့ ၈တန်း ကျောင်းသူတွေကြားမှာ တော်တော့်ကို ပေါ်ပြူလာ ဖြစ်သည်။ ၈တန်းတင် ဘယ်ကလိမ့်မလဲ… တစ်ကျောင်းလုံး အတိုင်းအတာနဲ့ကို ပေါ်ပြူလာ ဖြစ်သည်ဟု ဆိုနိုင်သည်။ မိန်းကလေး သီးသန့်ကျောင်းဖြစ်သော သူတို့ကျောင်းတွင် ထိုကောင်လေးကို စိတ်ဝင်စားနေတဲ့ ကျောင်းသူတွေ မနည်းပေ။
YOU ARE READING
Tattoo (Tomboy Version)
RomanceFont: both UNICODE & ZAWGYI Genre: Lesbian Romance/ Transgender / Tomboy/ GL Update: Every Sunday, Tuesday & Wednesday (UNICODE) အေးအေးဆေးဆေးနတတ်တဲ့ အထက်တန်း ကျောင်းသူလေး မွှန်းစက် ဟာ ကျောင်းရဲ့ဆယ်လီ tomboy မြတ်ထက် နဲ့ သူငယ်ချင်း ဖြစ်ဖို့ အကြောင်းဖန...