အခန်း (၈) ကမာ္ဘပျက်တဲ့နေ့

1.3K 133 14
                                    

UNICODE

မွှန်းစက်သည် ထိတ်ထိတ်ပြာပြာဖြင့် ကြီးမားတဲ့ အမှားတစ်ခု ကျူးလွန်လိုက်မိလေသည်။

ဇူဇူ့မျက်လုံးများ အရောင်တောက်သွား၏။

"နင်က သူ့ကို ငါနဲ့တွဲပါလားလို့ ပြောတုန်းကတော့ မတွဲချင်ဘူးလို့ နင့်ကိုပြောပြီး ခုတော့ သူ့နည်းသူ့ဟန်နဲ့ ငါ့ကို လိုက်မယ်ပေါ့...."

ဇူဇူ့မျက်နှာ ဝင်းပလို့နေသည်။

"သက်စံက အရမ်း ရိုမန်းတစ်ဆန်တာပဲနော်"

ဇူဇူသည် နှင်းဆီပန်းလေးကို လွယ်အိတ်ထဲ ထည့်သိမ်းလိုက်တော့သည်။

အဲဒီနေ့ကစပြီး မနက်တိုင်း မွှန်းစက်တို့ ခုံပေါ်တွင် ချောကလက်၊ သကြားလုံး ဒါမှမဟုတ် နှင်းဆီပန်း တစ်ခုမဟုတ် တစ်ခု ပုံမှန် ရှိနေတတ်သည်။ သက်စံကတော့ သူ့ကိုငြင်းပြီး ကိုယ့်ရည်းစားနဲ့သာ တွဲနေတဲ့ မွှန်းစက်ကို ပေါ်တင် လိုက်နေလို့ အကျိုးမရှိနိုင်တဲ့အတွက် အချိန်ပေးပြီး ဒီလိုနည်းနဲ့ မွှန်းစက်ရဲ့ စိတ်ကို တဖဲ့ချင်း အရည်ဖျော်ဖို့ ကြိုးစားနေသည်။

ဇူဇူကတော့ Romantic ဆန်ဆန် သူ့ကို အီနေတယ်လို့ ယူဆကာ ပေးလာတဲ့ လက်ဆောင်လေးတွေကို တယုတယ သိမ်းပြီး သက်စံကိုတော့ အလိုက်တသိ ဘာမှမမေးဘဲ နေရှာသည်။ ထိုက်ထိုက်တို့ကလည်း ဇူဇူ ပျော်နေတာကို ကြည့်ပြီး ကျေနပ်နေကြသည်။ မိုးစက်မှာတော့ တနေ့ တနေ့ သက်စံရဲ့ အပြောအဆို အပြုအမူတွေထဲမှာ ဇူဇူတို့ ရိပ်မိစရာ တခုခု ပါသွားလေမလားလို့ တချိန်လုံး ရင်တထိတ်ထိတ် စောင့်ကြည့်နေရလေသည်။

ဒီအတိုင်းသာ ဆက်ပြီး တစ်ယောက်တည်း မြိုသိပ်ခံစားနေရင် သိပ်မကြာခင် ရူးတော့မယ်လို့ မွှန်းစက် ထင်လာသည်။ တိုင်ပင်ဖွင့်ပြောရန် အပြင်လူဖြစ်သော ကြည်သာ့ကို အရင်ဆုံး စဉ်းစားမိသော်လဲ ကြည်သာ့စိတ်နဲ့တော့ မဖြစ်ပါ။ ဒေါသူပုန်ထကာ အခန်းထဲကို ချက်ချင်းလိုက်လာပြီး သက်စံကို ရန်ရှာရင် အားလုံးပေါ်ကုန်လိမ့်မည်။

ဒီအချိန်မှာ သူ့ကို ဆူပူ အပြစ်ပြောမယ့်သူ မဟုတ်ဘဲ ခေါင်းအေးအေးထား စဉ်းစားပေးနိုင်မယ့်သူဟာ မြတ်ထက် တစ်ယောက်သာ ရှိသည်ဟု မွှန်းစက် တွေးမိသည်။

Tattoo (Tomboy Version)Opowieści tętniące życiem. Odkryj je teraz