အခန်း (၂၇) မမဖြူနဲ့ဖုန်းကောလ်

899 103 8
                                    

UNICODE

"ဟေ့ကောင်... မင်း ဒါ ဘာလုပ်တာလဲ"

ဒီအသံက သူရော မြတ်ထက်ကိုပါ ဆတ်ခနဲ တုန်သွားစေသည်။

မယုံကြည်နိုင်စွာနဲ့ သူ လှည့်ကြည့်လိုက်တဲ့အခါ သူ့လက်ကို ဆွဲထားတဲ့ မြတ်ထက်ကို လူသတ်ချင်တဲ့ အရိပ်အငွေ့ အပြည့်ပါတဲ့ အကြည့်မျိုးနဲ့ စူးစိုက်ကြည့်နေတဲ့ တွတ်တွတ်ကို သူ တွေ့လိုက်ရသည်။

တွတ်တွတ်ဟာ မြတ်ထက်ရှေ့ကို ပြေးဝင်လာပြီး မြတ်ထက်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးချလိုက်သည်။ အားပြင်းလှသည်မို့ မြတ်ထက် နောက်ကို ယိုင်သွား၏။ ကျောင်းဝတ်စုံပေါ် ထပ်ဝတ်ထားတဲ့ မြတ်ထက်ရဲ့ ရှပ်အင်္ကျီ ကော်လာစကို ဆွဲပြီး နောက်တစ်ချက် ထပ်ထိုးသည်။ မြတ်ထက် နှုတ်ခမ်းထောင့်ကွဲသွားပြီး သွေးစအချို့ ထွက်ကျလာသည်။ မြင်လိုက်ရတဲ့ မွှန်းစက်ရဲ့ ရင်ထဲ ဆူပွက်သွားသည်။

မြတ်ထက်က ပြန်ချဖို့ မကြိုစားဘဲ တွတ်တွတ်လုပ်သမျှ ဒီအတိုင်း ငြိမ်ခံနေမယ့် ပုံရှိသည်။

"တွတ်တွတ် ဘာလုပ်တာလဲ၊ တော်တော့"

မြတ်ထက်ရဲ့ ကော်လာစကို ကိုင်ထားတဲ့ တွတ်တွတ်ရဲ့လက်ကို သူ ဆွဲဖြုတ်ဖို့ ကြိုးစားသည်။ ဘေးကနေ အတင်းဝင် ဆွဲဖြုတ်နေစဉ်မှာဘဲ တွတ်တွတ်က နောက်တစ်ချက် ထပ်ထိုးလိုက်သည်။

"အား..."

မခံစားနိုင်တော့သည်မို့ မွှန်းစက် နာကျင်စွာ အော်လိုက်မိသည်။ တွတ်တွတ်ရဲ့ လက်ကို ဘယ်လိုမှ ဆွဲဖြုတ်လို့ မရတဲ့အဆုံး သူ သွားနဲ့တအား ဖိကိုက်ပစ်လိုက်တော့သည်။

* * *

နာလွန်းလို့ တွတ်တွတ် လက်ကို ပြန်ရုတ်လိုက်ရသည်။


မညှာမတာ ကိုက်ပစ်သည့် တရားခံကို လှည့်ကြည့်လိုက်တဲ့အခါ သူ့ကို စူးစူးရဲရဲစိုက် ကြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်လိုက်ရသည်။ ကောင်မလေးက ခွေးကိုကိုက်ရုံတင် မကဘူး မာန်ပါ ဖီနေသေးတာ။ သူ့အကောင်ကို ထိလို့ ကိုယ့်ကို ရန်သူတစ်ယောက်လို တုံ့ပြန်လာသည့် မွှန်းမွှန်းကို ထောင်းခနဲ ဒေါသထွက်သွားပြီး လက်ဝါးနဲ့ ရွယ်လိုက်မိသည်။

Tattoo (Tomboy Version)Donde viven las historias. Descúbrelo ahora