UNICODE
မွှန်းစက် အတန်းထဲ ပြန်ရောက်ရောက်ချင်းမှာ အငိုတိတ်နေပြီ ဖြစ်တဲ့ ဇူဇူက အလောတကြီး မေးလာသည်။
"မြတ်ထက်မောင်နဲ့ ဘယ်လိုဖြစ်တာလဲ"
ဟော… မြန်လိုက်တဲ့ သတင်း…
"ကြည်သာ ပြောတာလား "
မွှန်းစက် မေးလိုက်တော့ ဇူဇူနဲ့ သက်ထားသည် ဖွစိန် ဟု မွှန်းစက် နာမည်ပေးထားသော ယုယု ကို တပြိုင်နက်တည်းပင် မျက်စောင်းထိုး ပြသည်။
"အခန်းထဲကို ပြာယီးပြာယာနဲ့ ဝင်လာပြီး ဖွတော့တာပဲ… မွှန်းစက်မေရဲ့ သုံးပွင့်ဆိုင် ဇာတ်ရှုပ်တဲ့… ပြောပါဦး နင်ကရော ဘာတွေရှုပ်ထားတာလဲ "
သက်ထားက မေးသည်။ မွှန်းစက်လည်း စနေနေ့ မနက်က မြတ်ထက်နဲ့ တွေ့ခံပုံမှစကာ ဖြစ်ကြောင်း ကုန်စင် ပြောပြလိုက်ရသည်။
" စိတ်ညစ်ပါတယ်ဟာ… ငါက ဘယ်တုန်းကမှ နာမည်ပျက် မရှိခဲ့ဖူးတာ… အခုတော့… "
မွှန်းစက် ညည်းမိတော့ ထိုက်ထိုက်က အားပေးသည်။
"ခေါင်းထဲထဲ့ မနေပါနဲ့ဟာ… ကိုယ်က ရိုးသားရင် ပြီးတာပဲ… အရေးမပါတဲ့ လူတွေရဲ့ စကားတွေကို ဂရုစိုက်မနေနဲ့… နင်က မြတ်ထက်မောင်ကို ဘာ feeling မှ မရှိဘူး မဟုတ်လား"
မရှိပါဘူး လို့ ပါးစပ်က အရင်ဖြေလိုက်ပြီးမှ ရှိသလား မရှိဘူးလား ဆိုတာကို ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြည့်မိသည်။
အင်း… မရှိပါဘူး… ရှိလို့လည်း မရဘူး… ငါ့မှာက ကြည်သာ ရှိနေပြီးသားပဲ ဥစ္စာ…
"တော်သေးတာပေါ့ မွှန်းလေးရယ်… ကိုကို စိတ်ပူနေတာ"
ဘယ်အချိန်တည်းက အနားရောက်နေမှန်း မသိတဲ့ တာကြီးဟု သူတို့ ချစ်စနိုးခေါ်ကြတဲ့ သူတို့ရဲ့ မော်နီတာကြီးက ခံစားချက် အပြည့်ပါတဲ့ အသံနက်ကြီးနဲ့ အော်ပြောပြီး မွှန်းစက်ကို လာဖက်သည်။
"မွှန်းလေး ဘာမှမဖြစ်ဘူး… စိတ်မပူနဲ့ "
ထိုက်ထိုက်က tom အချင်းချင်းမို့ ကြားဝင်ကာ တာကြီးကို ဆွဲဖက် ထားလိုက်သည်။
![](https://img.wattpad.com/cover/221028892-288-k31763.jpg)
KAMU SEDANG MEMBACA
Tattoo (Tomboy Version)
RomansaFont: both UNICODE & ZAWGYI Genre: Lesbian Romance/ Transgender / Tomboy/ GL Update: Every Sunday, Tuesday & Wednesday (UNICODE) အေးအေးဆေးဆေးနတတ်တဲ့ အထက်တန်း ကျောင်းသူလေး မွှန်းစက် ဟာ ကျောင်းရဲ့ဆယ်လီ tomboy မြတ်ထက် နဲ့ သူငယ်ချင်း ဖြစ်ဖို့ အကြောင်းဖန...