အခန်း (၃၉) ကတိပြုခြင်း

797 90 9
                                    

UNICODE

ငွေဆောင်ကို သွားမည့် ခရီးသည်တင်ကားကြီးက မီးများထိုးကာ မောင်းထွက်သွားတော့သည်။

ထွက်သွားသည့် ကားကြီးကို လှမ်းမျှော်ကြည့်ရင်း သက်ပျင်းတို့ကို မှုတ်ထုတ်လိုက်ပြီး ဝင်းလဲ့ဖြူ တစ်ယောက် ရပ်နေရာမှ လှည့်ကာ လျှောက်လာခဲ့သည်။ လမ်းဘေး ကပ်ရပ်ထားသည့် မာ့ခ်တူး အဖြူလေး အနားကို ရောက်လာချိန် ကားတံခါး ပွင့်ပြီး သူမ သိကျွမ်းဖူးတဲ့ လူတစ်ယောက် ကားထဲကနေ ထွက်လာသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် မျက်လုံချင်း ဆုံသွား၏။

"အော် အစ်မ"

ဝင်းလဲ့ဖြူနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရ၍ တွတ်တွတ်က အံအားသင့်ဟန်နှင့် ရှိုးတိုးရှိုးတန့် ဖြစ်သွား၏။ တကယ်တော့ ဝင်းလဲ့ဖြူကို ကရာတေး သင်တန်းမှာ မျက်မှန်းတန်းမိခဲ့ပြီး တစ်ယောက်နှင့် တစ်ယောက် ပြုံးပြနှုတ်ဆက်ဖူးသည့် ဆက်ဆံရေးမျိုး ရှိခဲ့သည်။

ဒါကိုမှ ဝင်းလဲ့ဖြူကို ဖုန်းထဲကနေ သူ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့သည်ကလည်း မကြာလှသေး။ ထို့ကြောင့် တွတ်တွတ်မှာ မျက်နှာကို ဘယ်လိုထားရမှန်း မသိအောင် အကြပ်ရိုက်နေ၏။

"မွှန်းစက်ကို လိုက်ပို့တာလား"

ဝင်းလဲ့ဖြူက စ၍ ပြုံးပြနှုတ်ဆက်သောအခါမှ တွတ်တွတ်လည်း စိတ်သက်သာရာရကာ ခေါင်းညိတ် ပြလိုက်ပြီး စကားပြန်ပြောလိုက်သည်။

"အစ်မရော မြတ်ထက်ကို လိုက်ပို့တာလား"

"မဟုတ်ပါဘူးကွာ... စိတ်ပူလို့ ကိုယ့်ဘာသာ လိုက်ကြည့်တာပါ၊ အချိန်က မနည်းတော့ဘူးလေ၊ ဒါနဲ့ မွှန်းစက် ဘာလို့ နောက်ကျနေတာလဲ၊ မင်းနဲ့ မွှန်းစက် ကွိုင်တက်နေကြတာလား "

ဝင်းလဲ့ဖြူ မေးတော့ တွတ်တွတ်မျက်နှာ ရှုံ့မဲ့သွားပြီး

"မဟုတ်ပါဘူး အစ်မရာ၊ သူ ကျွန်တော့ကို လိမ်တာ သိလိုက်ရလို့ စိတ်တိုပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားတာ၊ နောက်တော့လည်း သူ့ကို အကျိုးအကြောင်း မေးပြီး လွှတ်လိုက်ရတာပဲပေါ့"

ပြောပြီး တွတ်တွတ် ရယ်သည်။ ဝင်းလဲ့ဖြူရင်း ပြုံးရင်း ပြောလိုက်သည်။

Tattoo (Tomboy Version)Hikayelerin yaşadığı yer. Şimdi keşfedin