UNICODE
မွှန်းစက်ရဲ့ဘဝဟာ wattpad က ဝတ္ထုတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့ဟာ ဇာတ်လမ်းထဲက အရေးပါတဲ့ဇာတ်ကောင်တွေအများကြီးကို တပြိုင်နက် ဆုံးရှုံးရတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။
လိုချင်တာ ရှိရင် သနားစဖွယ် ဘေဘီဖေ့စ်လေးနဲ့ မချစ်ချစ်အောင် ချွဲတတ်တဲ့ ဂျစ်တူးမလေး ဇူဇူ...
ပျော်နေချိန်ဆို ပါးချိုင့်နှစ်ဖက် ပေါ်အောင် ပြုံးတတ်တဲ့ tomboy ချောလေး ထိုက်ထိုက်...
အကွက်ဝင်ရင် ဝင်သလို ဆရာလုပ် ဆုံးမတတ်တဲ့ စာဂျပိုးမလေး သက်ထား...ပြီးတော့... အတွေးခေါင်တဲ့ နေရာမှာ ပြိုင်ဘက်ကင်းတဲ့ မျက်စေ့ပေါက် မကျဉ်းတဲ့ အာဂတရုတ်လူမျိုး သက်စံ...
သက်စံကို မွှန်းစက် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်။ ထို့အတူပဲ မွှန်းစက်ကိုလည်း သူ့သူငယ်ချင်းတွေက ဘယ်တော့မှ ခွင့်လွှတ်တော့မယ် မထင်ပေ။ လိုက်ရှင်းပြလို့လဲ မထူးတော့ပြီ။ မည်သို့ပင်ဆိုစေ မွှန်းစက်က အဖြစ်မှန်ကို ပြောင်းပြန်လှန်ကာ ဇူဇူ အပါအဝင် သူတို့သူငယ်ချင်း သုံးယောက်လုံးကို အရူးလုပ်ခဲ့မိတာကတော့ အမှန်ပဲ မဟုတ်လား...။
အချစ်ဆုံး သူငယ်ချင်း သုံးယောက်ကို တစ်နေ့တည်းမှာ ဆုံးရှုံးလိုက်ရခြင်းဟာ ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူလေး တစ်ယောက်အနေနဲ့ သူ့ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုလို့ ထင်ခဲ့သည်။
ဒါပေမယ့် သူမှားသွားသည်။
ဒီထက် အစပေါင်းများစွာ ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုက ဝမ်းနည်းပက်လက်နှင့် ကျောင်းက ပြန်လာမယ့် သူ့အား စောင့်ကြိုနေနှင့်ပြီ ဖြစ်သည်။
* * *
သူတို့အိမ်ကို ဘယ်တုန်းကမှ အလည်မလာဖူးတဲ့ မေမေ့ညီမ အန်တီနုကို အိမ်ပေါက်ဝကနေ လှမ်းမြင်လိုက်ရကတည်းက မကောင်းတာတစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သိလိုက်သည်။
ဖေဖေနဲ့ မေမေ ကွာရှင်းပြတ်ဆဲကြတော့မယ်တဲ့...
မိဘနှစ်ပါးရဲ့ ကွာရှင်းပြတ်စဲခြင်းသည် သားသမီး၏ ကံဆိုးခြင်းဟု ဆိုလျင် ထိုပြတ်စဲမှုတွင် စွန့်ပြစ်ခံလိုက်ရခြင်းကို ကမာ္ဘပျက်ခြင်းဟု ဆိုရမည်လား...
![](https://img.wattpad.com/cover/221028892-288-k31763.jpg)
ESTÁS LEYENDO
Tattoo (Tomboy Version)
RomanceFont: both UNICODE & ZAWGYI Genre: Lesbian Romance/ Transgender / Tomboy/ GL Update: Every Sunday, Tuesday & Wednesday (UNICODE) အေးအေးဆေးဆေးနတတ်တဲ့ အထက်တန်း ကျောင်းသူလေး မွှန်းစက် ဟာ ကျောင်းရဲ့ဆယ်လီ tomboy မြတ်ထက် နဲ့ သူငယ်ချင်း ဖြစ်ဖို့ အကြောင်းဖန...