အခန်း (၆) ဒွိဟ

1.5K 131 9
                                    

UNICODE

" မေ ဘယ်တွေ လျှောက်သွားနေတာလဲ… ကို မေ့ကို လိုက်ရှာနေတာ "

သူနဲ့ မျက်နှာချင်းဆိုင်က လျှောက်လာနေတဲ့  ကြည်သာ့ကို ရုတ်တရက် တွေ့လိုက်ရသည်။  နေ့ခင်းကြောင်တောင် သရဲခြောက် ခံလိုက်ရသလို မွှန်းစက် လန့်ဖျပ် သွားတော့သည်။

ကြည်သာက မွှန်းစက်ကို ကြည့်ပြီး အနောက်ကို လှမ်းကြည့်လိုက်ကာ မျက်နှာ တည်သွားသည်။ မွှန်းစက် နောက်ကို လိုက်လာတဲ့ မြတ်ထက်ကို တွေ့သွား၍ ဖြစ်သည်။ မြတ်ထက်နဲ့ ပတ်သက်မှုကို မွှန်းစက် သေသေချာချာ ရှင်းပြထားသည့်တိုင် ကြည်သာက မြတ်ထက်ကို အမြင်မကြည်ပေ။

ကြည်သာက မွှန်းစက်အနားကို လျှောက်လာပြီး မွှန်းစက်ရဲ့ ပုခုံးကို ဖက်လိုက်သည်။

မွှန်းစက် ရုန်းလိုက်မိတော့ မလို့ပဲ…

ဒါပေမယ့် ကိုယ့်ကိုယ်ကို အချိန်မီ ပြန်သတိပေးနိုင်လိုက်သည်။ မွှန်းစက် အလိုက်သင့်လေး ငြိမ်နေလိုက်သည်။

အဲဒီအချိန်မှာ သူ့ နောက်က ပါလာတဲ့ ခြေသံတွေကို မွှန်းစက် မကြားရတော့ပါ။ သူ့ဆီကို လျှောက်လာနေတဲ့ မြတ်ထက်ရဲ့ ခြေသံတွေ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

ဘာကိုမှ စဉ်းစား မနေတော့ပဲ ကြည်သာ ခေါ်တဲ့နောက်ကို သူ လိုက်သွားတော့သည်။ ခေါင်းထဲမှာ ဘာမှ မတွေးပေမယ့် ရင်ထဲမှာတော့ လေးလံနေ၏။

အဲဒီနေ့ကစလို့ မြတ်ထက်ကို သူ မျက်နှာချင်း မဆိုင်ရဲတော့…။ မြတ်ထက် လာရှာတဲ့ အခါမှာလည်း သူ အကြောင်း အမျိုးမျိုးပြပြီး ရှောင်နေခဲ့မိသည်။

သူ နားမလည်နိုင်တာက အဲဒီအချိန်တုန်းက သူနဲ့ မြတ်ထက် ဘာဖြစ်သွားခဲ့တာလဲ… ဘာကြောင့် အဲဒီ ထူးဆန်းတဲ့ကိစ္စ ကို လုပ်မိသွားတာလဲ ဆိုတာ…
ပိုပြီး ထူးဆန်းတာက အဲဒီနေ့ကစလို့ သူဟာ မြတ်ထက်ကို မတွေ့ရတဲ့အခါ တွေ့ချင်နေမိပြီး တွေ့ရတဲ့အခါမှာတော့ ရှောင်ပြေးချင်နေမိတာပါပဲ…

ဒီလိုနဲ့ အတန်းတင် စာမေးပွဲတွေ စတင်လာခဲ့သည်။ ဒီနေ့က စာမေးပွဲ နောက်ဆုံးနေ့ ဖြစ်သည်။

Tattoo (Tomboy Version)Donde viven las historias. Descúbrelo ahora