UNICODE
"ကြာတော့ကြာပြီ၊ တွတ်တွတ်ကောင်မလေး ငါတို့ ကရာတေးကျောင်းကို လာတက်တုန်းက ခါးပတ်နက်တွေက ခါးပတ်ဖြူ… လူသစ်တွေကို တစ်ယောက်ချင်း တာဝန်ယူပြန်သင်ပေးရတယ်၊ အဲ့ဒီ့တုန်းက ငါပဲလွတ်နေတာဆိုတော့ သူ့ကို ငါသင်ပေးရတာ၊ တကယ်ပါ ငါ့ဘက်ကဘာမှ ဖောင်းခဲ့တာမရှိဘူး၊ ဒါပေမယ့် အဲ့ဒီ့တစ်ယောက်က..."
မြတ်ထက် စကားကို ရပ်လိုက်သည်။ မွှန်းစက် ဝင်ထောက်ပေးလိုက်သည်။
"အဲ့ဒီ့တစ်ယောက်က နင့်ကို ကြိုက်သွားတယ်ပေါ့၊ အဲ့ဒီ့တော့..."
"သူက ငါ့နာမည်ကို tattoo ထိုးချင်တယ်၊ ခွင်ပြုမလားလို့ လာမေးတော့ 'သဘောပဲလေ' လို့ ငါ ပြောလိုက်မိတာ၊ ငါနဲ့ဘာမှမဆိုင်တဲ့သူပဲ ငါဂရုမစိုက်ဘူးပေါ့၊ အဲဒီလိုနဲ့ သူက တကယ်ပဲ သူ့ရဲ့ ရင်ညွန့် ဘယ်ဘယ်အခြမ်းမှာ 'M.H' ဆိုတဲ့ tattoo ကို ထိုးလိုက်တယ်၊ တွတ်တွတ်က အဲဒီတော့မှ သူ့ကောင်မလေး ငါ့ကို လာနွယ်နေတယ် ဆိုတာကို သိတာ၊ ဒါပေမယ့် ငါ့ဖက်ကလုံးဝ ကင်းခဲ့တယ် ဆိုတာကို တွတ်တွတ်က မယုံဘူး၊ တွတ်တွတ်နဲ့ ငါ ပြဿနာတွေ တက်တော့တာပေါ့…"
"ဒါဆို အဲ့ဒီ့ကောင်မလေး မွှေသွားတဲ့ ဇာတ်လမ်းပေါ့"
မွှန်းစက် သက်ပျင်းချမိသည်။ ကိုယ့်ချစ်သူက တစ်ခြားသူရဲ့နာမည်ကို ရင်ဘတ်မှာ tattoo ထိုးထားတာကို မြင်လိုက်ရတော့ တွတ်တွတ် ရင်ထဲမှာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာ သူ နားလည်ပါသည်။ ဒါကြောင့် ခုလို ထပ်တူထပ်မျှ လက်စားချေခဲ့တာပဲ။
"နင်ရော တွတ်တွတ်ရော အခု ကရာတေးမကစားကြတော့တာက အဲဒီကိစ္စကြောင့်လား"
သူ ဒီလိုပဲ အမှတ်မထင် မေးလိုက်ခြင်းဖြစ်ပါသည်။ ဒါပေမယ့် မြတ်ထက်ကတော့ သူ့ဆီက ဒီစကားကို ကြားလိုက်ရချိန်မှာ ဟန်မဆောင်နိုင်အောင် မျက်နှာပျက်သွားသည်။ တွေဝေတုံ့ဆိုင်းကာ ဘာစကားမှ ဆက်မပြောနိုင်ဘဲ ဖြစ်နေသည်။
သူ သိလိုက်ပါသည်။ ဒီကိစ္စရဲ့နောက်ကွယ်မှာ မြတ်ထက်ကို တွတ်တွတ် ခါးခါးသီးသီး မုန်းနေစေသည့်ဖြစ်ရပ် တစ်ခု ရှိနေလိမ့်ဦးမည်။
ပြီးတော့ ထိုဖြစ်ရပ်သည် မြတ်ထက်အတွက် ပြန်လည်ဖော်ထုတ် လိုခြင်းမရှိသော နာကျင်စရာအတိတ်တစ်ခု ဖြစ်လိမ့်မည်ဟု သူ ခံစားမိလိုက်သည်။
![](https://img.wattpad.com/cover/221028892-288-k31763.jpg)
YOU ARE READING
Tattoo (Tomboy Version)
RomanceFont: both UNICODE & ZAWGYI Genre: Lesbian Romance/ Transgender / Tomboy/ GL Update: Every Sunday, Tuesday & Wednesday (UNICODE) အေးအေးဆေးဆေးနတတ်တဲ့ အထက်တန်း ကျောင်းသူလေး မွှန်းစက် ဟာ ကျောင်းရဲ့ဆယ်လီ tomboy မြတ်ထက် နဲ့ သူငယ်ချင်း ဖြစ်ဖို့ အကြောင်းဖန...