အခန်း (၂၉) ဧည့်သည်

1K 110 20
                                    

UNICODE

ညရှစ်နာရီအချိန်တွင် ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် မြတ်ထက်နှင့် ဝင်းလဲ့ဖြူ တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသည်။ ဒီလို အချိန် သူတို့တိုက်ခန်းလေးဆီကို လာတတ်သည့် ဧည့်သည် မရှိ။

"ဒီအချိန်ကြီး ဘယ်သူလဲ မသိဘူး"

"နေ.. နေ.. မမဖြူ၊ ကျွန်တော် သွားကြည့်မယ်"

မီးပူတိုက်ပြီးသား အဝတ်တွေ သိမ်းနေရင်းက ဝင်းလဲ့ဖြူ ပြောလိုက်တဲ့အခါ မြတ်ထက်က အိပ်ရာ ခင်းနေရာကနေ ထပြီး ထွက်သွားသည်။

"တံခါးမဖွင့်လိုက်နဲ့ဦးမြတ်ထက် မမလည်း လာခဲ့မယ်"

လက်ထဲ ပွေ့ထားတဲ့ အဝတ်အထပ်လိုက်ကို ဗီဒိုထဲ ထည့်လိုက်ပြီး ဝင်းလဲ့ဖြူ လိုက်သွားသည်။

တံခါးဖွင့်လိုက်ချိန်မှာ ကာတွန်းရုပ်တွေပါတဲ့ ကြိုးတစ်ချောင်း အင်္ကျီ အောက်ကားလေးကို အဆင်တူ ဘောင်းဘီတိုလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ မွှန်းစက်ကို သူတို့နှစ်ယောက် တွေ့လိုက်ရသည်။ အိမ်နေဝတ်စုံ ချည်သားလေးနဲ့ မွှန်းစက်ဟာ ချမ်းလို့တုန်နေလေသည်။

"မွှန်း... ဘယ်လိုဖြစ်လာတာလဲ"

ချမ်းလွန်းလို့ ထင်သည် မွှန်းစက် မဖြေနိုင်။ ဝင်းလဲ့ဖြူက သံပန်းတံခါးကို အမြန်ဖွင့်ပြီး မွှန်းစက်ကို အိမ်ထဲခေါ်သည်။

"သူ့ တကယ်လုံး အေးစက်နေတာပဲ၊ မြတ်ထက် စောင်သွားယူလာခဲ့ပါဦး"

မွှန်းစက်ရဲ့ လည်တိုင်၊ ပခုံးနဲ့ လက်တွေဟာ ရုန်းရင်းဆန်ခတ် ဖြစ်ထားဟန် ရဲတွတ်နေသည်။ သူ မွှန်းစက်ကို စောင်ခြုံပေးပြီး ဓါတ်ဘူးထဲ နှပ်ထားသည့် ရေနွေးကြမ်းတစ်ခွက်ပါ ထည့်တိုက်လိုက်သည်။ ရေနွေးခွက်ကို လက်နှစ်ဘက်နဲ့ကိုင်ကာ ခေါင်းငုံနေတဲ့ မွှန်းစက်ကိုကြည့်ရင်း မူမမှန်တာ တစ်ခုခုတော့ ဖြစ်လာခဲ့ပြီ ဆိုတာ ရိပ်မိလိုက်သည်။

ရိပ်မိနေပြီးသား ဖြစ်ပေမယ့် တကယ်တမ်း မွှန်းဆီက ကြားလိုက်ရချိန်မှာ မြတ်ထက် မခံမရပ်နိုင်အောင် ဒေါသဖြစ်ရသည်။ မမဖြူရှေ့မှာမို့ ဒေါသတွေကို ချုပ်တည်းနေရတဲ့အတွက် ဦးခေါင်းခွံပင် ပွင့်ထွက်မတတ် ခံစားနေရသည်။

Tattoo (Tomboy Version)Kde žijí příběhy. Začni objevovat