အခန်း (၁၁) လွတ်မြောက်ခြင်း

1.2K 143 0
                                    

UNICODE

ညက တွတ်တွတ်ကြောင့် ဒေါသဖြစ်ပြီး ရုပ်ရှင်ကြည့်ရာမှ ည နှစ်နာရီထိုးမှ အိပ်ပျော်သွားသောကြောင့် မနက်ကျ ကျောင်းနောက်ကျတော့သည်။

"ဘာလို့ နောက်ကျနေတာလဲ"

မြတ်ထက်က မေးသည်။ ညက ခံစားခဲ့ရတဲ့ မကျေနပ်မှုတွေကို ရင်ဖွင့်လိုက်ပြီး မွှန်းစက် နည်းနည်း နေသာသွားသည်။

မနေသာတာက မြတ်ထက်။

"နင်နဲ့တွတ်တွတ် တစ်ခန်းတည်း အတူတူအိပ်ရတယ် ဟုတ်လား…
အဓိပ္ပါယ်မရှိတာ…
နင်နဲ့သူနဲ့ ဘယ်လိုလုပ် အတူတူအိပ်လို့ဖြစ်မလဲ"

မြတ်ထက်ရဲ့ အသံကြောင့် မွှန်းစက် နည်နည်းတောင် လန့်သွားသည်။

"အတူတူအိပ်တာ မဟုတ်ပါဘူးဟာ…
သူက သူ့ကုတင်ပေါ်မှာ အိပ်တာပါ
ငါက ဟိုဘက်ဘေးက ငါ့မွေ့ရာပေါ်မှာ ငါ အိပ်တာပါ"

"မွှန်းစက်မေ… ငါတော့ ရူးတော့မှာပဲ"

မြတ်ထက်ကို ကြည့်ရတာ တော်တော့ကို စိတ်ရှုပ်နေပုံ ပေါ်နေသည်မို့ မွှန်းစက် ပြောမိသည်။

"မြတ်ထက်… ငါက အဆင်ပြေပါတယ်ဆိုတာကို နင်က ဘာဖြစ်နေတာလဲ"

သူပြောမှ မြတ်ထက် ပိုပေါက်ကွဲတော့သည်။

"နင် အဆင်ပြေပေမယ့် ငါက အဆင်မပြေဘူး…
နင်နဲ့ သွေးမတော် သားမစပ်တဲ့ အဲ့ဒီ့ တွတ်တွတ်ဆိုတဲ့ tomboy တယောက်နဲ့ နင်တစ်ခန်းတည်း အတူနေ အတူအိပ်နေရတာကို ရင်ပူလို့ ငါရူးတော့မယ်…
နင်က ဘာလို့ နားမလည်တာလဲ"

မွှန်းစက် လက်ထဲက ဘောပင် လွတ်ကျတော့မလို ဖြစ်သွားရသည်။

မြတ်ထက် နင့်စကားက ဘာအဓိပ္ပါယ်ဖြစ်သွားပြီလဲ နင် သိရဲ့လား…

မြတ်ထက်က သူနဲ့အနီးစပ်ဆုံးသူ ဖြစ်ပေမယ့် မြတ်ထက်ကို တစ်ခါတလေ လုံးဝ နားမလည်နိုင် ဖြစ်ရသည်။ မြတ်ထက် ရင်ထဲမှာ ဘာတွေရှိနေလဲဆိုတာ သူ အရမ်းသိချင်နေမိသည်။

Tattoo (Tomboy Version)Where stories live. Discover now