UNICODE
"မွှန်းစက်.... ဒီနေ့ တစ်ရက်တော့ မြတ်ထက်အစား ငါ နင့်ကို လိုက်ပို့ပါရစေနော်"
ကျောင်းဆင်းခေါင်းလောင်း ထိုးပြီးချိန်မှာ သူ့ကိုအခုလို လာပြောတဲ့ သက်စံရဲ့အပြုအမူကို နားမလည်နိုင်စွာ မြတ်ထက်ကို ကြည့်လိုက်တော့ မြတ်ထက်က မွှန်းစက်ကို ပြုံးပြီး ခေါင်းညိတ်ပြသည်။
ဘာမှမေးမနေတော့ပဲ မြတ်ထက်ကိုနှုတ်ဆက်ကာ သက်စံနဲ့အတူ အိမ်ပြန်ခဲ့လိုက်သည်။ သက်စံက သူ့ဘေးမှာ အရုပ်တစ်ရုပ်လို ငြိမ်သက်စွာလိုက်ပါလာသည်။ ဘတ်စ်ကားကဆင်းပြီး လမ်းထဲဝင်လာတဲ့အချိန်မှ သက်စံ စကားစပြောသည်။
"ငါနင်နဲ့လိုက်လာတာ နင့်ကို နောက်ဆုံးနှုတ်ဆက်ချင်လို့ပါ၊ မြတ်ထက်ရဲ့ ကောင်မလေးဖြစ်သွားပြီဆိုတော့ နင့်အပေါ် ငါရိုးသားရတော့မယ်လေ၊ မြတ်ထက်က ငါ့ရဲ့ BFF ဆိုတော့…"
သိတာပေါ့… မြတ်ထက်အတွက်လည်း သက်စံက BFF ပဲ မဟုတ်လား…
"နင်တို့နှစ်ယောက်ကို အခုလိုမြင်ရတော့ ရင်ထဲမှာမကောင်းပေမယ့်… ငါ ကျေနပ်ပါတယ်၊ ဒါနဲ့ နင်မှတ်မိလား မြတ်ထက်အိမ်မှာ ငါတို့ game ဆော့ပြီး ထမင်းစားကြတယ်လေ၊ အဲ့ဒီ့နေ့က ငါ နင့်ကို အဲဒီနေ့တည်းက စပြီးစိတ်ဝင်စားခဲ့တာ"
သက်စံက သူ့ကို အဲဒီနေ့ကစ စိတ်ဝင်စားခဲ့တာတဲ့လား…။ ဒါဖြင့် သူ မြတ်ထက်ကို စပြီး စိတ်ဝင်စာခဲ့တဲ့နေ့က ဘယ်နေ့များပါလိမ့်…
မြတ်ထက်နဲ့သိပြီးနောက်နေ့ ကျောင်းမှာပြန်တွေ့ချိန်မှာ မြတ်ထက်က သူ့ကိုနဖူးနဲ့တိုက်ပြီး ကျီစယ်တဲ့အချိန်မှာ သူစိတ်လှုပ်ရှားခဲ့ရသည်ပဲ။ ဒါဟာ မြတ်ထက်အတွက် ခံစားချက်ရှိနေလို့ပဲပေါ့။
ဒါဆိုရင် အင်းလျားမှာ စတွေ့တဲ့နေ့တည်းက စပြီး မြတ်ထက်ကို စိတ်ဝင်စားခဲ့မိတာလား....။
"အခု နင်နဲ့ပတ်သတ်တဲ့ ခံစားချက်တွေအကုန်လုံး ငါ ရှင်းပစ်လိုက်တော့မယ်၊ ငါ့အမှားတွေအတွက်လဲ ငါ အကောင်းဆုံးပြန်ကြိုးစားပါ့မယ်၊ ငါ မြတ်ထက်နဲ့ ပြန်အဆင်ပြေချင်တယ်၊ အရင်လိုပဲ နင်ရယ် ငါရယ် မြတ်ထက်ရယ် သူငယ်ချင်းတွေပြန်ဖြစ်ချင်တယ်၊ ဒီတစ်ခါတော့ နင့်အပေါ်မှာ ငါ့ဘက်က ရာနှုန်းပြည့် ဖြူစင်တဲ့ သူငယ်ချင်း ဖြစ်စေရပါမယ်"
DU LIEST GERADE
Tattoo (Tomboy Version)
RomantikFont: both UNICODE & ZAWGYI Genre: Lesbian Romance/ Transgender / Tomboy/ GL Update: Every Sunday, Tuesday & Wednesday (UNICODE) အေးအေးဆေးဆေးနတတ်တဲ့ အထက်တန်း ကျောင်းသူလေး မွှန်းစက် ဟာ ကျောင်းရဲ့ဆယ်လီ tomboy မြတ်ထက် နဲ့ သူငယ်ချင်း ဖြစ်ဖို့ အကြောင်းဖန...