အခန်း (၁၈) သွေးနဲ့ရေးတဲ့နာမည်

1K 107 8
                                    

UNICODE

"မနက်ဖြန်မှ တွေ့မယ်နော်၊ ဂွတ်နိုက်၊ ချစ်တယ်"

ပြောပြီးချိန်မှာတော့ မွှန်းစက် ရှက်ရှက်နဲ့ နှုတ်ခမ်းကိုကိုက်ကာ တချိုးတည်း ပြန်လှည့်ပြေးတော့သည်။

မထင်မှတ်ထားတဲ့ good night kiss နဲ့ လာခြွေသွားတဲ့ သူ့ကောင်မလေးကို ငေးကြည့်နေရင်း မြတ်ထက်မှာ ပါးချိုင့်တစ်ဖက် ပေါ်သည်ထိ ပြုံးလိုက်မိပါတော့သည်။

လုပ်ချင်တာလုပ်ပြီး အကျေနပ်ကြီး ကျေနပ်ကာ မွှန်းစက် ပျော်နေပါသည်။

အခန်းထဲ ပြန်ရောက်တဲ့အထိ မျက်နှာပိုးက မသေသေး။

"မွှန်မွှန်း နင့်ဖုန်း ငါ့ကိုပေး"

"bill ကုန်နေလို့လား တွတ်တွတ်၊ ယူလေ သမီး ကျောပိုးအိတ်ရဲ့ အပေါ်ဆုံး ဇစ်အိတ်လေးထဲမှာ"

တွတ်တွတ်က ကုတင်ပေါ်က ထလာပြီး စာကြည့်စားပွဲမှာ တင်ထားတဲ့ မွှန်းစက်ကျောပိုးအိတ်ထဲက ဖုန်းကို ထုတ်ယူလိုက်သည်။ ပြုံးစိစိဖြစ်နေတဲ့ မွှန်းစက်က ဗီဒိုဖွင့်ပြီး ညအိပ်ဝတ်စုံ ပန်းနုရောင်လေးကို ထုတ်လိုက်သည်။ ဒါလေးက ဟိုတစ်နေ့ကမှ လှည်းတန်းဈေးမှာ အန်တီနု လိုက်ဝယ်ပေးထားတဲ့ ဝတ်စုံလေးဖြစ်သည်။

ချစ်စရာ ကော်လံဝိုင်းလေးနဲ့ ရင်စေ့အကျီလေးနှင့် ဒူးမရောက်တရောက် ဘောင်းဘီတိုလေး။ ပန်းနုရောင်အခံမှာ ယူနီကွန်းဟုခေါ်သော ချိုတစ်ချောင်းနှင့် မြင်းပျံရုပ်လေးများရယ် အဖြူရောင် တိမ်စိမ်ပုံလေးများရယ် ပါဝင်သည်။ ဈေးဦးမဖောက်ရသေးသော ထိုချစ်စရာ ဝတ်စုံလေးကို ထုတ်ယူကာ လက်ထဲပိုက်လိုက်သည်။

"passcode ခံထားတယ် "

မွှန်းစက်ဖုန်းလေးကို လက်ထဲမှာ ကိုင်လျက် တွတ်တွတ်က လှမ်းပြောသည်။

" 'M' ပုံလေး ဆွဲလိုက် တွတ်တွတ်၊ တွတ်တွတ်သုံးပြီးရင် အားသွင်းကြိုးလေး တပ်ပေးခဲ့နော်"

တွတ်တွတ်ကိုပြောရင်း သဘက်ကိုဆွဲကာ ရေချိုးခန်းထဲဝင်လိုက်သည်။ bath tub (ရေချိုးကန်) ထဲမှာ ရေစိမ်ချိုးရင်း မြတ်ထက်ရဲ့ အနမ်းတွေကို ပြန်ပြီးစိတ်ကူးယဉ် ခံစားနေမိသည်။

Tattoo (Tomboy Version)Hikayelerin yaşadığı yer. Şimdi keşfedin