UNICODE
ညလုံးပေါက် ငိုထားလို့ မို့အစ်နေတဲ့ မျက်ခွံတွေနဲ့ ဒီနေ့မနက် ကျောင်းတက်ခါနီးမှ မွှန်းစက် အတန်းထဲ ရောက်လာသည်။ မြတ်ထက်ဘေးက သူ့နေရာမှာ သွားမထိုင်ဘဲ ရှေ့ဆုံးတန်းက လွတ်နေတဲ့ ဒေါင့်စွန်းခုံမှာ ဝင်ထိုင်လိုက်သည်။
"မွှန်းစက်မေ... ဗန်းကိုင်တွေ လူစုဖို့ လာခေါ်သွားတယ်၊ စံပယ်ခန်းမကို လိုက်သွားလိုက်ဦး"
ကျောပိုးအိတ်ပင် မချွတ်ရသေးခင်မှာ ကြားလိုက်ရတဲ့ အတန်းခေါင်းဆောင်ရဲ့ စကားကြောင့် မွှန်းစက်မေ ထိုင်ရာမှ ပြန်ထပြီး ထွက်လာခဲ့ရပါသည်။
စံပယ်ခန်းမမှာ လူစုပြီး တိုင်းနဲ့ပြည်နယ်အဆင့် ကျပန်းစကားပြော ပြိုင်ပွဲအတွက် ဆုဗန်းကိုင် အစီအစဉ်နှင့် အဖွင့်သီချင်းဆိုသည့် အစီအစဉ်အတွက် ဆရာမများက လူရွေးကာ စီစဉ်လေသည်။ မွှန်းစက်မေသည် ထုံးစံအတိုင်း အဖွင့်သီချင်းဆိုသည့် အဖွဲ့တွင် ပါဝင်ရန် အရွေးချယ်ခံရသည်။
အဆိုအဖွဲ့အနေအဖြင့် စင်ပေါ်တွင် စီတန်း နေရာယူရန် နေရာသတ်မှတ်ချင်းနှင့် သီဆိုရမည့် သီချင်းစာပိုဒ် ခွဲဝေခြင်းများကိုပါ စီစဉ်ကြရသည်မို့ အားလုံးပြီးစီးလို့ စပယ်ခန်းမမှ ထွက်လာချိန်မှာ မုန့်စားဆင်းချိန်ပင် ရောက်နေပြီဖြစ်သည်။
စပယ်ခန်းမတွင် တံခါးပေါက်များစွာ ရှိသည့်အနက် တစ်ခုမှာ မတ်တပ်ရပ်ကာ စောင့်နေသည့် မြတ်ထက်ကို တွေ့လိုက်ရသည်။ မြတ်ထက်ကို ရှောင်ကာ တခြားတံခါးပေါက်မှ သူထွက်လာခဲ့သည်။ သူ့ကို အစောတည်းက မြင်နေပြီးသား ဖြစ်တဲ့ မြတ်ထက်က အလျင်အမြန်ပဲ သူ့နောက်ကို လိုက်လာသည်။
မြတ်ထက်နဲ့ မျက်နှာချင်း မဆိုင်ရဲတဲ့ ရှက်စိတ်နဲ့ ဒေါသစိတ်က မွှန်းစက်ကို အပြင်းအထန် နှိပ်စက်နေသည်။ လှည့်စားခဲ့တဲ့ မြတ်ထက်ကို အပြစ်တင်ခြင်းနဲ့ ညံ့ဖျင်းလွန်းတဲ့ သူ့ကိုယ်သူ အပြစ်တင်ခြင်းကလည်း အပြိုင်အဆိုင် ထိုးနှက်နေသေးသည်။ ဒီလို ဆူပွက်နေတဲ့ စိတ်တွေနဲ့ လျှောက်လာခဲ့ရင်း မွှန်းစက်ဟာ သူနဲ့မျက်နှာချင်းဆိုင် လျှောက်လာနေတဲ့ သက်စံနှင့်ဇူဇူတို့အတွဲကို တွေ့လိုက်ရသည်။ သူတို့အတွဲနဲ့ ခပ်ခွာခွာမှ လိုက်ပါလာတဲ့ ထိုက်ထိုက်ကိုပါ ကံအားလျော်စွာ တွေ့လိုက်ရသည်။

ESTÁS LEYENDO
Tattoo (Tomboy Version)
RomanceFont: both UNICODE & ZAWGYI Genre: Lesbian Romance/ Transgender / Tomboy/ GL Update: Every Sunday, Tuesday & Wednesday (UNICODE) အေးအေးဆေးဆေးနတတ်တဲ့ အထက်တန်း ကျောင်းသူလေး မွှန်းစက် ဟာ ကျောင်းရဲ့ဆယ်လီ tomboy မြတ်ထက် နဲ့ သူငယ်ချင်း ဖြစ်ဖို့ အကြောင်းဖန...