အခန်း (၃၇) အနိုင် တစ်လှည့်

912 92 4
                                    

UNICODE

"လာလေ၊ ချက်စ် ကစားရင်းနဲ့ ဖြေးဖြေးချင်း ပြောကြတာပေါ့၊ အန်တီ မွှန်းမွှန်းနဲ့ တစ်ခါလောက် ကစားကြည့်ချင်တယ်"

"သမီး အခု မကစားချင်ဘူး"

အန်တီနု ပြုံးလိုက်သည်။ ပြုံးပြုံးလေးနဲ့ ခပ်ပြတ်ပြတ် ပြန်ပြောလာသည်။

"သမီးသွားရင် တံခါး lock လုပ်သွားပေးနော်။

"..."

မွှန်းစက်မေ သက်ပျင်းချပြီး အန်တီနုရဲ့ မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်သည်။ အန်တီနုက သူ့ဘက်ကို အဖြူပေးထား၍ Pon (နယ်ရုပ်) တစ်ကောင်ကို သူ စရွှေ့လိုက်သည်။

(Chess မှာ အဖြူဘက်က စရွှေ့ရပါတယ်)

တစ်လှည့်နှစ်လှည့် ရွှေ့အပြီး အန်တီနု ကစားရတဲ့ အလှည့်မှာ အန်တီနု ထုတ်လိုက်တဲ့ pon က သူ့စားကွက် တည့်တည့် ဝင်လာသည်မို့ အန်တီနုရဲ့ Pon ကို သူ့ Pon နဲ့ စားလိုက်ရင်း မွှန်းစက် မေးလိုက်သည်။

"အန်တီနု အဲဒါ ဘာလုပ်တာလဲ"

"ဘယ်လို့အထူးအဆန်းလုပ် မေးနေတာလဲ မွှန်းမွှန်း၊ Chess ကစားပွဲဆိုတာ Pon တွေ ကျွေးရင်း စားရင်းနဲ့ပဲ စဖွင့်ရတာ မဟုတ်ဘူးလား"

"သမီးမေးတာ အဲဒါ မဟုတ်ဘူး ဆိုတာ သိရဲ့သားနဲ့၊ သမီးကို ပြောပြပါ အန်တီနု၊ ဒီစာရွက်စာတမ်းတွေက ဘာလုပ်တာလဲ၊ ဦးတိုးတို့သားအဖရဲ့ ပိုင်ဆိုင်မှုတွေအားလုံး အန်တီနုယူပြီး ထွက်ပြေးဖို့ကြံစည်နေတာလား"

မွှန်းစက် အားမနာတမ်း မေးလိုက်သည်။

"အန်တီက ထွက်ပြေးရမယ့်သူမဟုတ်ပါဘူး"

မြင်းတစ်ကောင်ကို ရှေ့ထုတ်ရင်း အန်တီနုပြောသည်။ ရှေ့ထွက်လာတဲ့ အန်တီနုရဲ့မြင်းကို စားဖို့ Bishop (မြန်မာနာမည်တော့ မသိပါ) တစ်ကောင်နဲ့ ချိန်ရင်း သူပြောလိုက်သည်။

"အဲဒါဆို အန်တီနု တရားစွဲ ခံရမှာပေါ့"

"ရှေ့နေငှားစရာတောင် ပိုက်ဆံမရှိဘဲ ဘယ်လိုလုပ် တရားစွဲမှာလဲ၊ တရားစွဲတယ်ရင်လည်း အန်တီ့ဘက်က တရားဝင် စာချုပ်စာတမ်းတွေနဲ့ လုပ်ထားတဲ့ဟာ အသရေဖျက်မှုနဲ့ သူတို့ကို ပြန်စွဲလိုက်ရုံပေါ့"

Tattoo (Tomboy Version)Donde viven las historias. Descúbrelo ahora