အခန်း (၂) ရဲဖော်ရဲဖက်သူငယ်ချင်း

2.3K 178 7
                                    

UNICODE

" ငါ နင့်ကို သိတယ် မြတ်ထက်မောင် "

" အင်း...ငါလဲ နင့်ကို သိတယ်
မွှန်းစက်မေ"

့သူ့နာမည်ကို မြတ်ထက်မောင် သိနေလိမ့်မယ်လို့ မွှန်းစက်မေ ထင်မထားခဲ့။ အံ့အားသင့်ကာ မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေမိတဲ့ မွှန်းစက်မေကို မြတ်ထက်မောင် မေးသည်။

"နင်ဘာဖြစ် သွားသေးလဲ "

"ငါလား... ဘာမှမဖြစ်ပါဘူး... လဲကျသွားတုန်းက လက်ထောက်မိတာ... လက်ပဲနဲနဲ နာနေတယ်... နင်ရော... ဟာ... နင့်နှုတ်ခမ်းမှာ သွေးထွက်နေပြီ"

နှုတ်ခမ်းထောင့်မှာ ထွက်နေတဲ့ သွေးတွေကို မြတ်ထက်မောင် လက်ဖမိုးနဲ့ သုတ်လိုက်သည်။

" မြတ်ထက်မောင်...နင် ဆေးခန်းပြမှ ဖြစ်မယ်... ကျောမှာလဲ ရိုက်ခံထားရတာ "

"ရပါတယ်ဟာ... ဒီလောက်ကတော့
ကရာတေး သင်တန်းမှာ ဒါမျိုး ထိနေကျပါ... ဒါနဲ့ နင်က ဘာလို့ ငါ့ဘက်ကဝင်ချတာလဲ"

မြတ်ထက်မောင် မေးသည်။

"အဲ့လို မတရားတာမျိုးတော့ ကြည့်မနေနိုင်ပါဘူးဟာ... ပြီးတော့ နင်က ငါတို့ ကျောင်းကလူ ပဲဟာ"

"အဲ့ဒါနဲ့ပဲ တစ်ခါမှ ရန်မဖြစ်ဖူးပဲနဲ့ ဝင်ပါတယ်ပေါ့... ဟား ... မွှန်းစက်မေ တော်တော် သတ္တိကောင်း ပါလား... ဆုဗန်းကိုင်အဖွဲ့က ဆိုတော့ ပျော့ပျော့ပဲ ဖြစ်မှာလို့ ထင်ထားတာ"

သိချင်နေတဲ့ ကိစ္စတစ်ခုကို မေးရင် ကောင်းမလား မကောင်းလား စဉ်းစားနေရာမှ မေးဖြစ်သွားသည်။

"အဲ့ဒီ့ ဂန်းစတားနဲ့ နင်နဲ့ ဘာဖြစ်ကြတာလဲ "

"ဂန်းစတား ဟုတ်လား "
မြတ်ထက်မောင် နားမလည်သလို ပြန်မေးသည်။

"အင်းလေ ခုနကတစ်ယောက်
သူ့ပုံက ပုံဆိုးပန်းဆိုးနဲ့ ဂန်းစတားရုပ် ထွက်နေလို့ ဂန်းစတားလို့ပဲ အလွယ်ခေါ်လိုက်တာ"

မြတ်ထက်မောင် ရယ်သည်။

"ပုံဆိုးပန်းဆိုး... ဟားဟား... သူက ငါတို့ ကရာတေးကျောင်းမှာ ကင်းဖြစ်ခဲ့တာဟ"

အဲ့ဒီ့ဂန်းစတားက ကင်းတဲ့လား... မြတ်ထက်မောင် ရှိနေတဲ့ အဲ့ဒီ့နေရာမှာ ကင်းက အဲ့ဒီ့ ဂန်းစတား ဖြစ်နေတာဆိုတာ သဘာဝမကျ။ မြတ်ထက်မောင် စကားထဲမှာပါသလို ကင်းဖြစ်ခဲ့တာဆိုတော့ အရင်က ဂန်းစတားက ကင်းဖြစ်ခဲ့ပြီး အခုတော့ မဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်နိုင်သည်။

Tattoo (Tomboy Version)Where stories live. Discover now