အခန်း (၃၆) ပိုင်ဆိုင်ခွင့် လွှဲပြောင်းခြင်

894 83 4
                                    

UNICODE

အချိန်က ညနေ လေးနာရီ။

ဒီအချိန်က အင်းယျားကန်ဘောင်မှာ ထုံးစံအတိုင်း လူတွေများသည်။ လူရှင်းသည့် သစ်ပင်ရိပ်တစ်ခုမှာ ရပ်ရင်း မြတ်ထက်ကို သူ စောင့်နေခဲ့သည်။ သူ့ဆီကို လျှောက်လာနေသည့် မြတ်ထက်ကို နှုတ်ဆက်သည့် သဘောမျိုး သူ ပြုံးပြလိုက်သည်။

မြတ်ထက်က အနားကို ရောက်လာတာနှင့် သူ့ကို ဆွဲကာ ဖက်လိုက်သည်။ သူ့ကို ရင်ခွင်ထဲ ထည့်ထားပြီး သူ့ပုခုံးပေါ် မျက်နှာအပ်ကာ မှီထားခဲ့သည်။ သူ ရုတ်တရက် တုန့်ပြန်ဖို့ သတိမရဘဲ ငြိမ်သက်နေမိပြီးမှ သူ့ပုခုံးပေါ် စိုစွတ်လာသည့် ခံစားချက်နှင့်အတူ သူ သတိဝင်လာသည်။

"မြတ်ထက် အဲဒီလို လုပ်မလုပ်ပါနဲ့၊ ငါ့ကိုယ်ငါ သနားစရာ သတ္တဝါတစ်ကောင်လို မခံစားချင်ဘူး"

မြတ်ထက်ရဲ့ ရင်ခွင်ထဲမှ သူ အသာ ရုန်းထွက်လာသည်။ မြတ်ထက်က ခေါင်းကို ငိုက်စိုက်ချထားဆဲ။ အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက် သူကပဲ စကားစကာ တွတ်တွတ်နှင့် ပတ်သတ်သည့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြခဲ့သည်။

"တွတ်တွတ်ကို နင့်ချစ်သူအဖြစ် လက်ခံလိုက်တော့မယ်ဆိုတာ သေချာသွားပြီလား မွှန်း"

"တွတ်တွတ်ကို ချစ်သူအဖြစ် လက်ခံဖို့အပြင် ငါ့မှာ ရွေးချယ်စရာ မရှိဘူး မဟုတ်လား"

သူ ပြန်မေးလိုက်သည့်အခါ မြတ်ထက် အံကို တင်းတင်းကြိတ်လျှက် ငြိမ်သက်နေသည်။

"မြတ်ထက် ငါ့မှာ နင်နဲ့ ပတ်သတ်ပြီး ဖြစ်အောင်လုပ်ချင်တဲ့ ဆန္ဒတစ်ခု ရှိနေတယ်၊ နင့်အတွက် အဆင်မပြေဘူး ဆိုရင်တောင် ငါ့ဆန္ဒကို ဖြည့်ပေးနိုင်မလားဆိုတာ ငါ သိချင်တယ်"

မြတ်ထက် ခေါင်းမော့လာသည်။

"ဘာတွေပဲ ရင်းရရင်းရ နင့်ဆန္ဒကို ငါ ဖြည့်ပေးမှာ၊ နင် ဘာလုပ်ချင်လဲ ပြောပါ"

နီရဲနေသည့် မျက်လုံးတွေနှင့် သူ့ကို ကြည့်ကာ မေးလာသည့် မြတ်ထက်၏ မေးခွန်းကို သူ ဖြေလိုက်သည်။

"ငါတို့နှစ်ယောက် ယတိပြတ် လမ်းမခွဲခင် ငါ နင်နဲ့ နှစ်ယောက်တည်း ပင်လယ်ကမ်းခြေ သွားချင်တယ်"

Tattoo (Tomboy Version)Onde histórias criam vida. Descubra agora