အခန်း (၂၂) ကမာ္ဘပျက်တဲ့နေ့

1K 120 25
                                    

UNICODE

Junction Square မှာ ရုပ်ရှင်ကြည့်ပြီးတဲ့အခါ မြတ်ထက်ရဲ့ အစီအစဉ်အတိုင်း လှည်းတန်းက YKKO ကိုဝင်ခဲ့သည်။

"ဒီနေ့ နင်က ငါ့ဆန္ဒတွေအားလုံး ဖြည့်ပေးတာဆိုတော့ နောက်တစ်ခါ ရက်တစ်ရာ ပြည့်ရင် နင့်ဆန္ဒတွေ ငါလိုက်ဖြည့်ပေးမယ်၊ မွှန်း ဘာလုပ်ချင်လဲ"

မြတ်ထက် မေးသောကြောင့် မွှန်းစက် စဉ်းစားကြည့်တဲ့အခါ ဒီနေ့ လုပ်ခဲ့တာတွေကလည်း သူလုပ်ချင်တာတွေပဲလို့ ပြောလို့ရသည်။ အဒီထက်ပိုပြီး ဘာလုပ်ချင်တာ ရှိဦးမလဲလို့ သူစဉ်းစားကြည့်သည်။

"ခရီးသွားချင်တယ် ပင်လယ်ကမ်းခြေကို.."

လက်ရှိနေထိုင်နေရတဲ့ နေ့စဉ်ဘဝကနေ တစ်ခါလောက်ရုန်းထွက်ချင်စိတ် ပေါ်မိခြင်းဖြစ်သည်။

မွှန်းစက် ဆန္ဒကိုကြားရတော့ မြတ်ထက်မျက်လုံးပြူး သွားသည်။

"အင်း… အဲဒါကတော့ နဲနဲခက်တယ်၊ တစ်နှစ်ပြည့် anniversary လောက်မှ လုပ်နိုင်မလားပဲ"

မှာထားတဲ့ ပင်လယ်စာကြေးအိုးနှစ်ပွဲ မျက်စိရှေ့ ရောက်လာတဲ့အခါ မွှန်းစက်ဟာ ထုံးစံအတိုင်း သူ့ပန်းကန်ထဲသူ စတင် မွှေနှောက်တော့သည်။

"မွှန်း ဘာရှာနေတာလဲ"

"ငုံးဥ၊ ငါက ကြေးအိုးထဲက ငုံးဥကို အရမ်းသဘောကျတာ၊ တစ်ပွဲလုံးမှာမှ တစ်ခုတည်းပါတာမို့လေ၊ အဲဒါကြောင့် တန်ဖိုးရှိတယ်၊ ဟော… ဒီမှာ"

ဇွန်းထဲ ပါလာသော ငုံးဥလေးကို ဝမ်းသာအားရ ဆယ်ယူလိုက်ချိန်မှာ မြတ်ထက်က သူ့ပန်းကန်ထဲက ငုံးဥကိုယူပြီး မွှန်းစက် ပန်းကန်ထဲ လာထည့်ပေးသည်။

"ရော့ ငါ့ရဲ့ တန်ဖိုးရှိတဲ့အရာကို နင့်ကိုပေးထားတယ်နော်၊ အဲဒါကို မှတ်ထားပေး"

မြတ်ထက်က ပြုံးတုံ့တုံ့ဖြင့် ပြောသည်။

အဲဒီနေ့က သူ့ကို ကြည်နူးပျော်ရွှင်စေခဲ့တဲ့ ငုံးဥလေးဟာ နောက်တစ်နေ့မှာ သူ့ကို ကြေကွဲဝမ်းနည်းစေမယ့် အဆိပ်သင့်ငုံးဥလေး ဖြစ်လာလိမ့်မယ်လို့ အဲ့ဒီ့တုန်းက မွှန်းစက် ဘယ်ထင်ခဲ့ပါ့မလဲ...

Tattoo (Tomboy Version)Nơi câu chuyện tồn tại. Hãy khám phá bây giờ