UNICODE
မြတ်ထက်က အသင့်သောက် Fan Hwa တံဆိပ် ဒိန်ချဉ်ဘူးကို ဖောက်ပြီး ဖန်ခွက်ထဲထဲ့သည်။ ပြီးတော့ စတော်ဘယ်ရီ အလုံးကြီးသုံးလုံးကို ဓါးနဲ့အချပ်လေးတွေလှီးပြီး အပေါ်မှာဖြူးလိုက်သည်။
"ရော့ရပြီ၊ မြတ်ထက်မောင်လက်ရာ စတော်ဘယ်ရီဒိန်ချဉ်"
မွှန်းစက် ဟန်မဆောင်နိုင်ဘဲ ရယ်မိသည်။
မဟာနည်းပညာနဲ့ ခက်ခက်ခဲခဲ ဖန်တီးထားတဲ့ မြတ်ထက်လက်ရာ စတော်ဘယ်ရီဒိန်ချဉ်ကို သောက်ရင်း မြတ်ထက်နဲ့ စကားပြောနေလိုက်သည်။
"မြတ်ထက် နာမည်က မိုက်တယ်နော်၊ ယောက်ျားဆန်တယ်၊ ထိုက်ထိုက်ဆိုရင် လူနဲ့ နာမည်နဲ့ (နာမည်ရင်း) တခြားစီ"
"မေမေနဲ့ ဖေဖေ့ ကျေးဇူးပေါ့၊ မေမေ့နာမည် ထက်နဲ့ ဖေဖေနာမည် မောင်နဲ့ ထဲ့ပေးထားတာလေ၊ မောင်နှမလေးယောက်လုံး ...ထက်မောင်တွေချည်းပဲ"
"အဲ့ဒါဆို မမဖြူက ဖြူထက်မောင်ပေါ့"
မြတ်ထက်ခေါင်းငြိမ့်သည်။
"မြတ်ထက်ကတော့ tom ဆိုတော့ မြတ်ထက်မောင် ဆိုတဲ့ နာမည်ကကောင်းပေမယ့် ဖြူထက်မောင် ဆိုတဲ့ နာမည်က တစ်မျိုးကြီးပဲနော်"
"ဟုတ်တယ် မမဖြူက နာမည်ပြောင်းချင်နေတာ၊ မေမေ့ကို ကြောက်လို့သာ မပြောင်းရဲတာ"
မြတ်ထက်နဲ့ စကားပြောရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားသည်။ မြတ်ထက်နဲ့ပတ်သတ်ရင် သူအားလုံး သိချင်သည်မို့ ရောက်တတ်ရာရာ လျှောက်မေးနေမိသည်။ သူ့အကြောင်းတွေလည်း ကြုံရောကြုံသလို ပြောပြပေးသည်။
ချစ်သူရည်းစားရယ်လို့ ဖြစ်လာမှ တစ်ယောက်အကြောင်း တစ်ယောက် အားလုံးသိထားသင့်သည် မဟုတ်လား။
မွှန်းစက်ရဲ့ ရည်းစားဦးက မြတ်ထက်မဟုတ်ပေမယ့် မွှန်းစက်ဟာ မြတ်ထက်နဲ့ကျမှ တကယ်ရည်းစားထားရသလို ခံစားရသည်။ မြတ်ထက်နဲ့ကျမှ ချစ်တတ်ခဲ့တာ သေချာသည်။ မြတ်ထက်က သူ့ အချစ်ဦး…။
သူကရော မြတ်ထက်ရဲ့ အချစ်ဦးလား…
"နင့်အချစ်ဦးက ဘယ်သူလဲ မြတ်ထက်"
DU LIEST GERADE
Tattoo (Tomboy Version)
RomantikFont: both UNICODE & ZAWGYI Genre: Lesbian Romance/ Transgender / Tomboy/ GL Update: Every Sunday, Tuesday & Wednesday (UNICODE) အေးအေးဆေးဆေးနတတ်တဲ့ အထက်တန်း ကျောင်းသူလေး မွှန်းစက် ဟာ ကျောင်းရဲ့ဆယ်လီ tomboy မြတ်ထက် နဲ့ သူငယ်ချင်း ဖြစ်ဖို့ အကြောင်းဖန...