အခန်း (၃) မဟာရည်မှန်းချက်

1.8K 172 5
                                    

UNICODE

"ကြည်သာ... မလုပ်နဲ့... လူတွေ ကြည့်လိမ့်မယ်"

သူ၏ နားရွက်ဖျားလေးအား နှုတ်ခမ်းဖြင့် တို့ခတ်ကျီစယ်နေသော ကြည်သာ့ ရင်ခွင်ထဲမှ မွှန်းစက် ရုန်းထွက်လိုက်သည်။

"ဒါဆို လူတွေ မကြည့်တဲ့နေရာ သွားကြမလား... "

ကိုယ်တိုင်တောင် သတိမထားမိပါဘဲ မွှန်းစက်သည် ခေါင်းကို တွင်တွင် ခါရမ်းမိ၏။

"ငါတို့ ကျောင်းပတ်ရအောင်နော်... ငါ... လမ်းလျှောက်ချင်လို့"

ကြည်သာက သဘောကျပေမယ့် မွှန်းစက်ရဲ့ ဆန္ဒကို မလွန်ဆန်ချင်သောကြောင့် သဘောတူလိုက်သည်။ ကြည်သာက မွှန်းစက်ကို အလိုလိုက်လေ့ ရှိသည်။

ဟုတ်ပါတယ်... ကြည်သာ နဲ့ မွှန်းစက်ရဲ့ ဆက်ဆံရေးက သူငယ်ချင်းထက် ပိုတယ်လေ...

သူငယ်ချင်းထက်ပိုတဲ့ ချစ်ခြင်းဟာ ရင်ခုန်ကြည်နူးစရာ ဟု wattpad က ဝတ္ထုတွေထဲမှာ ဖတ်ရသည်။ တကယ့်လက်တွေ့ မှာတော့ ဘာမှ ကြည်နူးစရာ မကောင်း၊ စိတ်ကသိကအောင့် ဖြစ်စရာ ရှက်စရာသာ ကောင်းသည်။

တစ်လလောက် မျက်လုံးချင်း စကားပြောခဲ့ပြီး နောက်ပိုင်းမှာ သူငယ်ချင်းထက် ပိုတဲ့ ဆက်ဆံရေးတစ်ခုကို ကြည်သာ တောင်းဆိုခဲ့သည်။ အချစ်ဆိုတာကို သေချာ နားမလည်သေးသည့်တိုင် မွှန်းစက်ဟာ ကြည်သာ့ရဲ့ ရဲတင်းပွင့်လင်းတဲ့ တောင်းဆိုမှုကို လက်ခံခဲ့သည်။ စိတ်ကစားတတ်တဲ့ ဆယ်ကျော်သက် အရွယ်ရောက်စလေးမို့ မွှန်းစက်လည်း သူများတွေလို ရည်းစား ထားကြည့်ချင်နေတာတော့ အမှန်ပင်...။

တကယ်တမ်း ထားကြည့်တဲ့အခါမှာတော့ ထင်သလောက် ပျော်စရာ မကောင်းခဲ့...။ အထူးသဖြင့် ကြည်သာ့ရဲ့ အသားယူတတ်တဲ့ အကျင့်က မွှန်းစက်အတွက် စိတ်ဖိဆီးစရာ ဖြစ်နေသည်။ အချစ်ဆိုတာ ထင်သလောက်လည်း မချိုမြိန်ပါလား...။ ကြည်သာက မွှန်းစက်ဆန္ဒ မပါဘဲ တစ်ခုမှ ဇွတ်အတင်း မလုပ်တတ်တာ တော်ပါသေးသည်။

အခုလည်း မွှန်းစက်ရဲ့ ဆန္ဒအတိုင်း ကြည်သာနဲ့ မွှန်းစက် လက်ချင်းတွဲပြီး လမ်းမပေါ် ထွက်လာခဲ့သည်။

Tattoo (Tomboy Version)Où les histoires vivent. Découvrez maintenant