အခန်း (၂၃) ဆုံးဖြတ်ချက်

963 113 9
                                    

UNICODE

"မမဖြူ ကျွန်တော် သူတို့ကို ကားဂိတ်လိုက်ပို့လိုက်ဦးမယ်"

"ရတယ်၊ မလိုက်နဲ့တော့ မမဖြူကို ပန်းကန်တွေ ကူသိမ်းပေးလိုက်ပါ၊ ငါတို့ ပြန်တော့မယ်"

မမဖြူကို ခွင့်တောင်းနေသည့် မြတ်ထက်အား မွှန်းစက် တားမြစ်လိုက်သည်။ ထို့နောက်မှာတာ့ အဲဒီအိမ်ကြီးထဲက အမြန်ဆုံး ထွက်လာခဲ့ပါတော့သည်။

"မွှန်းစက်… ငါ နင့်ကို အိမ်ထိလိုက်ပို့မယ်"

"ရတယ်၊ သက်စံ မလိုဘူး"

သက်စံကို ပြန်ပြောလိုက်တဲ့ သူ့အသံတွေ နည်းနည်းတော့ တုန်ယင်နေမယ် ထင်သည်။

"နင်… ဖြစ်ပါ့မလား"

သက်စံက မွှန်းစက်ကို စိတ်ပူနေပုံရသည်။

"ဒီနေ့… ငါ တစ်ယောက်တည်းပဲ သွားချင်လို့ပါ"

* * *

စိတ်ကို အတတ်နိုင်ဆုံး ဘာမှမတွေးမိအောင် သတိထားရင်း ခြေလှမ်းတွေကိုလည်း ဟန်မပျက်အောင် ထိန်းပြီး မွှန်းစက် အိမ်ပြန်လာခဲ့သည်။

အိမ်ပြန်ရောက်တဲ့အခါ မီးဖိုချောင်ထဲက အန်တီနုကို အရင်လို ဘာကူရမလဲ မမေးဘဲ အပေါ်ထပ်ကို တန်းတက်လာခဲ့သည်။ အောက်ထပ်မှာ အနေများတဲ့ တွတ်တွတ်က ဒီနေ့ကျမှ အခန်းထဲမှာ ရှိနေသည်။

မွှန်းစက် ကျောပိုးအိတ်ချပြီးတာနဲ့ ရေချိုးခန်းထဲ တန်းဝင်လိုက်သည်။

ရေချိုးခန်းတံခါး လက်ကိုင်ဘု (lock) ကို နှိပ်ပြီးချိန်မှာ တင်းထားသမျှ အားလုံး ပြုတ်ကျသွားသည်။ တံခါးရှေ့မှာ သူညွှတ်ခွေကျသွားသည်။ ယုံကြည်ထားသမျှအားလုံး ပြိုပျက်သွားခဲ့ပြီ။

သူ့ကမာ္ဘလေး ပျက်စီးသွားခဲ့ပြီ။

မွှန်းစက်ဟာ ရူးမတတ် ငိုနေခဲ့မိပါသည်။

* * *

"ငယ်လေးက မွှန်းစက်နဲ့ ရည်းစားဖြစ်နေတာလား"

မမဖြူက မေးသည်။ လိမ်လို့လည်း ရမယ် မထင်ပါ။ မမဖြူ မသိအောင် ဖုံးကွယ်ထားချင်ခဲ့ပေမယ့် လိမ်ညာဖို့ ရည်ရွယ်ချက်တော့ မရှိပါ။

Tattoo (Tomboy Version)Hikayelerin yaşadığı yer. Şimdi keşfedin