"ဟဲ့....အဲ့ဒေါက်တာလေးက အတော်ချောတာနော်။ ဖြူဖွေးနေတာပဲ။သဘောလည်းအရမ်းကောင်းတာ။"
ခွန်းနဲ့လမ်းခဏထွက်လျှောက်တုန်း နပ်စ်နှစ်ယောက်ပြောနေသံက နားထဲတိုးဝင်လာ၏။
"အေးဟယ်။ ကြည့်ပါဦး။လူနာတွေကိုပြုံးပြနေတာ။ "
နပ်စ်နှစ်ယောက်ကြည့်နေတဲ့ဘက်ကို လိုက်ကြည့်လိုက်မိတော့ ရှိုင်းစစ်တို့လို လမ်းလျှောက်နေတဲ့လူနာတွေ၊ လမ်းလျှောက်ရင်းမှမောလို့ ထိုင်ခုံလေးတွေမှာနားနေကြတဲ့လူနာအချို့ကို ပြုံးပြပြီးစကားလိုက်ပြောနေတဲ့ ဆရာဝန်အဖြူကောင်လေး။ မြင်ဖူးနေသလိုပဲ။
'ကိုရှိုင်း....အခန်းပြန်နားတော့မလား။ '
ခွန်းအသံကြောင့်ထိုအဖြူကောင်လေးဆီကအကြည့်လွှဲပြီး ခွန်းကိုကြည့်လိုက်သည်။
'ဟင်..သြော်.အေး.ပြန်ကြတာပေါ့။'
ဒဏ်ရာကြောင့်ခပ်ယဲ့ယဲ့ဖြစ်နေသေးသည့်အတွက် ခွန်းရဲ့တွဲကူမှုနဲ့အခန်းဆီပြန်လာခဲ့သည်။
^^ခွန်း^^
ခွန်းကရှိုင်းစစ်အသက်၁၆နှစ်လောက်မှာ အဖေ့ရဲ့မွေးစားသားအနေနဲ့ အိမ်ကိုရောက်လာခဲ့တုန်းက ၈နှစ်၉နှစ်သာရှိသေးသည်။ တကယ့်လူကောင်သေးသေးလေး၊ ဖြူဖြူသေးသေးလေးပေါ့။
အဖေဘာလို့ခွန်းကိုမွေးစားခဲ့တာလဲ။
နောက်မှပြန်သိရတာကတော့ အဖေ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်သူခွန်းရဲ့အဖေနဲ့အမေဆုံးပါးသွားကြလို့တဲ့။ ဒီအကြောင်းကိုသိတဲ့အချိန်ကစပြီး ခွန်းကိုညီအရင်းတစ်ယောက်လိုချစ်ပေးခဲ့တယ်။
ခွန်းကဒီကမ္ဘာပေါ်မှာရှိုင်းစစ်ရဲ့တစ်ဦးတည်းသောမိသားစုဝင်ပဲ။ဒါ့ကြောင့်ခွန်းကို အမြဲစောင့်ရှောက်ပေးခဲ့သည်။
အခုကျ ခွန်းကပြန်စောင့်ရှောက်ပေးနေရသည်။
ငယ်ငယ်ကလူကောင်သေးသေးနဲ့ လက်နဲ့တို့ရင်တောင်လဲကျနိုင်တဲ့ကလေးက အခုကျရှိုင်းစစ်ကိုစောင့်ရှောက်ပေးနိုင်တဲ့အရွယ်တောင်ရောက်လာပြီပဲ။
တွေးရင်းပြုံးမိတော့ခွန်းက။'ကိုရှိုင်း...ဘာတွေပြုံး။'
'ဘာမှမဟုတ်ပါဘူးကွာ။ သြော် ဒါနဲ့ ငါမနက်ဖြန်ကျရင်ဆေးရုံကနေဆင်းလို့ရပြီမလား။'
![](https://img.wattpad.com/cover/219835797-288-k462711.jpg)
YOU ARE READING
ကြည်နူးရသောအမုန်း
Romanceတည်ငြိမ်တဲ့ဆရာဝန်လေးနဲ့ မျက်နှာကြောတင်းတင်းနဲ့နေတတ်ပြီး မာနကြီးတဲ့ Mafia ဂိုဏ်းတစ်ခုက လူဆိုးလေးတစ်ယောက်..မတော်တဆ ချစ်မိသွားတဲ့အခါ.....