" ဒီအတိုင်း ချစ်လို့"
ဘယ်လိုတောင်အရှက်မရှိတော့တာလည်း ရှိုင်းစစ်မာန်ရာ။ ဒါပေမယ့်လည်း..ဒါကရှက်စရာမှမဟုတ်ပဲ။
အကြည့်တွေကိုသူမျက်ဝန်းတွေဆီကနေမခွာဘဲ တစ်စုံတစ်ခုကို စိုးရိမ်တကြီးရှာဖွေကြည့်နေမိသည်။ မတွေ့...ဘာဆိုဘာမှမတွေ့..ဝမ်းနည်းဝမ်းသာ အချစ်အမုန်းဘာမှမတွေ့...ပြောမိတာမှားတာလား။
"တက..."
"ပြန်မချစ်လည်းရတယ်။ ငါချစ်ကြောင်းငါပြောတာ။ ဘယ်သူချစ်ချစ်မချစ်ချစ်ငါချစ်တာကိုပြောပြတာ"
ဟုတ်ပါတယ်။ ဒါက သူငြင်းလည်းအရှက်ပြေတာပေါ့
ဒီလူနဲ့ကတော့သေမလို့ပြန်မချစ်လည်းရတာလား။ တကယ်လားလို့မေးမလို့ကို....။
ငါကအဲ့တော့ ချစ်တယ်ပြောရမှာလား မချစ်ဘူးပြောရမှာလား.....ချီးးးးး"အဲ့တာဆိုဘာလို့လာပြောနေသေးလည်း"
"ဒီလိုပဲ...မင်းကိုချစ်တဲ့သူ စိတ်ပူတဲ့သူရှိနေတာမို့လို့ ဂရုစိုက်လို့ပြောချင်တာ"
"ပြီးရော"
မျက်စောင်းထိုးပြီး အိမ်ဘက်ပြန်အလှည့်မှာ လက်ကောက်ဝတ်ကနေဆွဲလှည့်လိုက်တဲ့အားကြောင့်လူက သူ့ဆီပြန်လည်သွားသည်။
အနီးကပ်မြင်နေရတဲ့ သူလည်တိုင်။ ဖြူဖွေးပြီးသွေးကြောအချို့ထင်းနေတဲ့လည်တိုင်ဟာ ယောက်ျားဆန်မှုအပြည့်။
ဆံပင်အချို့ဖုံးအုပ်နေတဲ့နဖူးပြင်ပေါ်က နူးညံ့စွာထိတွေ့နေမှုတစ်ခု.နမ်းခံထိသွားတာလား....ဒီအချိန်မှာ ဆံသဆိုင်မသွားမိတဲ့ကိုယ်ကိုကိုယဲပြန်ပြီးအပြစ်တင်မိတော့တယ်။ပြုံးပြလိုက်မှ နီရဲနေတဲ့မျက်နှာတစ်ဝက်က ပိုရဲသွားပြီး ခြံထဲပြေးဝင်သွားသည်။ ခပ်သွက်သက်ပြေးဝင်သွားတဲ့ခြေလှမ်းဖြူဖြူတွေကိုငေးရင်းပြုံးနေမိပြန်ပြီ။
မေးစေ့နဲ့ခဏထိမိသွားတဲ့နဖူးပြင်ကျယ်လေးက ပူနွေးနေသည်။ ရှက်နေတာလားတော့မသိ။(A/N-အဲ့လောက်အရပ်ပေးရှည်မယ်ထင်နေတာလား?ဟားဟား...😎 လက်သန်းနဲ့လက်သူကြွယ်ပဲ ။ဝေလင်းခန့်ရာ...နင့်ကိုငါဖန်တီးထားတာပါ😎😎)
أنت تقرأ
ကြည်နူးရသောအမုန်း
عاطفيةတည်ငြိမ်တဲ့ဆရာဝန်လေးနဲ့ မျက်နှာကြောတင်းတင်းနဲ့နေတတ်ပြီး မာနကြီးတဲ့ Mafia ဂိုဏ်းတစ်ခုက လူဆိုးလေးတစ်ယောက်..မတော်တဆ ချစ်မိသွားတဲ့အခါ.....