~17~

2K 78 0
                                    

ရင်ခွင်ထဲမှာရှိနေတဲ့ ကိုယ်လေးရဲ့နွေးထွေးမှုကိုခံစားရနေသည်။ အုပ်ကိုင်မိထားတဲ့လက်သေးသေး....မော့ကြည့်နေမှန်းသိသော်လည်းပြန်ငုံမကြည့်ဖြစ်။...

ကျွီ.....

တံခါးဖွင့်သံနှင့်အတူ ဝင်ရောက်လာတဲ့ ခွန်း...
လက်ထဲမှာလည်း အထုပ်တွေနဲ့...မျက်မှောင်ကြုတ်လျက် ကြည့်နေမိတုန်း
ရင်ထဲက ကလေးက ရုန်းထွက်သည်။

" ခွန်း..ဘာလာလုပ်တာလဲ။ "

"ဦးလေး.. ဦးလေးက.."

"အပိုတွေမပြောနဲ့ခွန်း..အဖေက ဘယ်တော့မှ လွှတ်မှာမဟုတ်ဘူး"

"ကိုရှိုင်းနဲ့ထမင်းအတူစားဖို့လာခဲ့တာ"

ဘေးကအသေးလေးဟာတော့ငြိမ်နေဆဲ

"ငါဘယ်တုန်းက ညစာ စားဖူးလို့လဲ ခွန်း"

သူ့စကားကြောင့် ခွန်းဆိုသူ ကောင်လေး မျက်နှာပျက်သွားလေသည်။

"ခဗျားကလည်း ၊ ကျွန်တော်တို့နဲ့ပဲတစ်ခါတည်းစားသွားလိုက်လေ..ပြင်ပြီးတော့မှာပါ"

သူ့ကိုလည်းမျက်စောင်းထိုးရင်း ခွန်းကိုလည်း ပြုံးရင်းပြောလိုက်သည်။

"ကောင်းပါပြီ"

တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းဟာ...ကြက်သီးထဖွယ်ရာ..

"...Sueeဆီကတော့ကြားပါတယ်...တွဲနေတဲ့သူရှိတယ်ဆိုတာ...ဒါပေမယ့် ယောက်ျားလေးလို့မထင်ထားဘူး။ ကိုရှိုင်းက လျှိုထားတာပဲ"

"စကားမစပ်မိတာပဲရှိတာ၊ ထည့်စားလေ..စားမကောင်းဘူးလား"

ခွန်းကိုလည်းပြောရင်း ဘေးကိုလည်းလှည့်မေးလာသေးသည်။ ခေါင်းခါပြလိုက်တော့ ပြုံးပြသည်။

"အထူးတဆန်း..ဘာလို့ကိုယ်နဲ့ညစာစားချင်ရတာလဲ"

"ဒီလိုပါပဲ မစားရတာကြာပြီမလား...အဲ့တာကြောင့်မို့လိုပါ. အရင်ဆိုအမြဲအတူချက် အတူစားနေကျမို့လို့"

ခပ်အေးအေးပြောလာတဲ့ကောင်လေးက ဝန်တိုစိတ်တွေကိုဖုံးဖိထားရပုံ။ ညီလေးဆိုပေမယ့် သူ့မျက်လုံးတွေကသိပ်မတည်ငြိမ်...စားလက်စ ဇွန်းနဲ့ ခရင်း ကိုချလိုက်ပြီး

ကြည်နူးရသောအမုန်းWhere stories live. Discover now