~1~

9.5K 259 4
                                    

"ငါဘယ်တွေရောက်နေတာလဲ။ ပတ်ဝန်းကျင်တစ်ခုလုံးလည်းမှောင်မဲနေတယ်။ဘယ်နေရာကြီးလဲ။

အသံ.....။ဘာသံလဲ။
ချိန်းကြိုးနဲ့ ကြမ်းပြင်နဲ့ပွတ်တိုက်သံ။
ဟင်...ငါ့ကိုသံကြိုးတွေနဲ့တုပ်နှောင်ထားတာပဲ။ကြမ်းပြင်မှာဒူးထောက်လျက်ထိုင်နေတာ။
အော်တယ်။ အသံကုန်ခြစ်ပြီးအော်တယ်။
အသံက ရင်ခေါင်းထဲကနေတက်မလာခဲ့ဘူး။
ရုတ်တရပ် မျက်လုံးထဲ စူးခနဲဝင်လာတဲ့အလင်းတန်း။
ငါထိုင်နေတဲ့နေရာမှာအလင်းရောင်တစ်ခုဖြာကျလာတယ်။.....
ဟင်...အမေ...။ ဘေးမှာအမေ။
အမေ့ကိုလည်းသံကြိုးတွေနဲ့တုပ်နှောင်ထားကြတယ်။အမေ့နှုတ်ခမ်းနဲ့နားထင်မှာသွေးစတွေ။အမေ့ပုံစံကမောပန်းနွမ်းနယ်နေပုံပဲ။
တစ်ကိုယ်လုံးလည်းအညိုအမဲတွေနဲ့။ အမေ့ပါးစပ်ကို အဝတ်စတစ်ခုနဲ့ပိတ်ထားတယ်။

ဟား...ဟား...ဟား...

ရယ်သံကြီးတစ်ခု။ ပြီးတော့အသက်သုံးဆယ်ကျော်အရွယ်အမျိုးသားတစ်ယောက်ရောက်လာတယ်။
သူ့လက်ထဲမှာချိန်းကြိုးကြီးနဲ့။
သူ့နောက်ကနေ နောက်ထပ် တည်တည်ခန့်ခန့်နဲ့ ၃၅အရွယ်လောက်အမျိုးသားတစ်ယောက် ထွက်လာပြန်တယ်။
မပီပြင်မှုန်ဝါးနေတဲ့သူ့မျက်နှာကိုအားစိုက်ကြည့်လိုက်တယ်။မမြင်ရ။
နောက် သူက ဘောင်းဘီအနောက်ဘက်အိတ်ထဲကနေတစ်ခုခုကိုဆွဲယူလိုက်တယ်။
ဟင်.သေနတ်။ သေနတ်ကြီး...။
ဒိုင်း...........သူကသေနတ်နဲ့အမေ့ကိုတည့်တည်ချိန်ပြီးပစ်လိုက်တယ်။ ကျည်ဆံကလျင်မြန်စွာပဲ အမေ့ ဘယ်ဘက်ရင်ဘတ်ဆီထိုးဖောက်ဝင်ရောက်သွားတယ်။
ထိုလူကတော့လဲကျသွားတဲ့အမေ့ကိုပြုံးပြီးကြည့်နေတယ်။
အမေ!....အသံကုန်ဟစ်ခေါ်လိုက်ပေမယ့် အသံကတစ်နေရာရာမှာကျပျောက်သွားပုံပဲ။ ပြင်ပကိုလျှံကျမလာခဲ့။
အမေ..အမေ...!"

'အမေ....အမေ...အမေ...'

ဆိုးဝါးတဲ့အိပ်မက်နဲ့အတူထထိုင်မိတော့ တစ်ခန်းလုံးမှောင်နေသည်။ တစ်ကိုယ်လုံးလည်းချွေးတွေရွှဲနေတာပဲ။

ကုတင်ဘေးခုံပေါ်က ဖုန်းကိုလက်နဲ့စမ်းယူလိုက်သည်။ လင်းလာတဲ့ဖုန်း screen မှာ ပေါ်နေတဲ့အချိန်လေး။ 2:30......

အိပ်မရတော့မယ့်အတူတူ အောက်ထပ်ကိုဆင်းသွားလိုက််သည်။မီးဖိုခန်းလေးထဲဝင်ပြီးရေခဲသေတ္တာကိုဖွင့်လိုက်တော့ အေးမြမှုကလူကိုလာရိုက်ခတ်သည်။
ရေတစ်ဘူးထုတ်ပြီးရေခဲသေတ္တာကိုပြန်ပိတ်လိုက်ပြီး ရေခဲသေတ္တာကို မှီထိုင်ကာ ရေသောက်နေလိုက်သည်။
အမြဲလိုလိုမက်နေကြဖြစ်ပေမယ့် ဝေလင်းခန့်အတွက်တော့ထိုအိပ်မက်တွေကရိုးမသွား။
မနက်မြန်မြန်ရောက်စေချင်သည်။ အိပ်မရတဲ့ညတွေလည်းများပါပြီ ထက်မနှိပ်စက်ပါနဲ့လား။

ကြည်နူးရသောအမုန်းWhere stories live. Discover now