~16~

2K 85 2
                                    

"အဆင်ပြေလား "

"အင်း...နဲနဲပြေတယ်.."

"စိတ်ထဲသိပ်မထားပါနဲ့ ။ဆရာဝန်မဟုတ်တာကျနေတာပဲ။"

သူကပြောရင်း ရေဘူးကိုတစ်ငုံမော့သောက်သည်။ မျက်စောင်းထိုးလိုက်ပြီး

"ဆရာဝန်ဟုတ်တာမဟုတ်တာနဲ့ဆိုင်မလား။ ဆရာဝန်ဖြစ်တော့ရော ကိုယ့်ကြောင့်လူသေသွားတာကို မသိကျိုးကျွံပြုရရောလား"

ဝေလင်းစကားကြောင့် သူမျက်နှာတည်ကျသွားသည်။ အပေါက်ကလည်း နေရာတကာဆရာလုပ်ချင်နေတာ...ကိုယ့်ပါးစပ်ကိုယ်သာပိတ်ရိုက်လိုက်ချင်သည်။

"ဟေ့လူကြီး "

ခေါ်လိုက်မှ ခပ်ညှိုးညှိုးမျက်နှာနဲ့လှည့်ပြုံးပြသည်။

"ကိုယ်နားမလည်တော့ဘူး"

"ဟင်"

ခြေဖျားထိပ်လေးတွေကိုငုံ့ကြည့်နေရင်းပြောလာသည်။

"လူတွေကိုသတ်ခဲ့တဲ့လက်က လူတွေကိုကယ်ပေးတဲ့လက်ကိုမှ ဘာလို့တွဲထားချင်ရတာလဲ။"

"ခဗျ... "

"သွေးတွေအများကြီးစွန်းပေနေတဲ့လက်က
လူတွေကိုရဲရဲတင်းတင်း သတ်ရဲခဲ့တဲ့ဒီလက်က နှုတ်ခမ်းထူထူလေးတစ်ခုကိုနမ်းဖို့ကျ ဘာလို့တွန့်ဆုတ်နေရတာလဲ"

အမှတ်မဲ့ငေးကြည့်နေမိသည်။ အပြုံးအရယ်မရှိ...ပျက်ယွင်းခြင်းမရှိတဲ့မျက်နှာဟာ ပကတိကြည်ရှင်းနေသည်။

"ခဏ နေပြီးရင်ပြန်ရအောင် နောက်ကျနေပြီမလား"

သက်ပြင်းတစ်ခုချပြီး ထရပ်သူရဲ့လက်ကို ဆွဲထားလိုက်မိသည်..။ ပြန်ငဲ့ကြည့်လာမှ....သူ့မျက်လုံးတွေကိုမကြည့်ဘဲ.

"...ဗိုက်ဆာတယ် မုန့်ဝယ်ကျွေးပါလား...., ကိုကို"

သူ့ကိုမော့ကြည့်မနေခဲ့တာကြောင့် ဘယ်လိုမျက်နှာမျိုးဖြစ်သွားမယ်မှန်းမသိခဲ့။ ပြုံးဖြီးသွားမယ်ထင်....
သိုပေမယ့်

ထင်ထားသည်နှင့်တခြား...
မရဲတရဲမော့ကြည့်လိုက်တော့ တည်ငြိမ်လွန်းတဲ့မျက်နှာနဲ့ မျက်လုံးတွေကသာပြုံးသည်။ အေးပေါ့ လူလတ်ပိုင်းဖြစ်လာပြီကို....

ကြည်နူးရသောအမုန်းWhere stories live. Discover now