ဒေါက်ထောက်ရပ်ထားသည့် ဆိုင်ကယ်ကို ခပ်ဖွဖွလေး မှီထိုင်ရင်း စီးကရက်တစ်လိပ်ကိုဖွာရှိုက်နေမိသည်။
'ကိုရှိုင်း....သူတို့လာနေပြီ။'
နောက်လိုက်ကောင်လေးတစ်ယောက်ရဲ့ စကားကြောင့်ညမတ်မတ်ပြန်ရပ်လိုက်ပြီး လက်ထဲက စီးကရက်ကို အောက်ပစ်ချလိုက်ကာ ရှူးဖိနပ်ထိပ်ဖြင့် နင်းချေလိုက်သည်။ ခဏအကြာမှာ အနက်ရောင်ကားနှစ်စီးဆိုက်ရောက်လာလေသည်။ ကားပေါ်ကနေ လူကောင်ကြီးကြီးနဲ့ လူနှစ်ယောက်ဆင်းလာသည်။
'တက်ကြွလှချည်လား၊ ရှိုင်းစစ်မာန်ရဲ့။ ဒါပေမယ့် မင်းရဲ့တက်ကြွမှုကအလကားဖြစ်တော့မှာကွ။'
ပြောလာသူကိုခပ်ဆဆကြည့်လိုက်တော့ ထိုလူက
'မင်းလိုမလောက်လေးမလောက်စားကများ ငါတို့ကို မခန့်လေးစားလာကြည့်နေတယ်။'
'ကျုပ်လိုမလောက်လေးမလောက်စားကိုတောင်ခဗျားတို့ နိုင်လို့လား။'
'မင်း.....'
ထိုလူတွေဒေါသထွက်သွားပုံပဲ။ သို့ပေမယ့်ကားပေါ်ကနေအခုမှဆင်းလာတဲ့ ၆၀ကျော်အရွယ်လူကြီးတစ်ယောက်ကတားလိုက်သဖြင့် သူတို့ရှေ့တိုးမလာခဲ့။
'မင်းဘာလိုချင်လို့လဲ။'
'ဟင်း......အမှန်ဆို ခဗျားတို့လာယူတဲ့ဆေးတွေက ကျုပ်တို့ပိုင်တာတွေဆိုတာမှတ်မိသေးရဲ့လား။ ကျုပ်တို့က ကိုယ့်ပစ္စည်းက်ုယ်ပြန်လာယူတာ။'
'ဒီမှာကောင်လေး.....မင်းအဖေက မင်းကိုဒီလောက်ပဲသင်ပေးထားတာလား။ ဒီလောကကအဲ့ဒီ့လောက် မလွယ်ဘူးလေကွာ။'
သူတို့ဘက်ကလူအင်အားက ရှိုင်းစစ်မာန်တို့ထက်ပိုများနေသည်။ ဗလိုင်းကြီး ထချရင် ကိုယ်တွေပဲခံရမှာ။ဒီတော့
'ဒါဆိုဒီလိုလုပ်ပါလား။ ကျုပ်တစ်ယောက်တည်းနဲ့ ခဗျားတပည့် နှစ်ယောက်နဲ့ လက်ရည်ပြိုင်ကြမယ်ဆိုရင်ရော။ ခဗျားတို့နိုင်ရင် ကျုပ်တို့မနှောင့်ယှက်တော့ဘူး။ ကျုပ်နိုင်ရင်တော့ ဒီဆေးတွေကိုကျုပ်တို့ယူမယ်။ ဘယ်လိုလဲ။ မျှတပါတယ်။'
'ဟား....မင်းက အဖေတူသားပဲ။ ဉာဏ်ပြေးလိုက်ပုံများက။ဒါပေမယ့် မျှတမှုက နဲလွန်းမနေဘူးလား။ ဒီလိုလုပ်ကွာ မင်းနိုင်ရင် ဆေးသုံးပုံးပြန်ရမယ်။ မင်းရှုံးရင်တော့ ငါတို့အတွက် ဆေးလေးပုံးနဲ့ မင်းအလောင်းပေါ့။ ဘယ်လိုလဲ"

YOU ARE READING
ကြည်နူးရသောအမုန်း
Romanceတည်ငြိမ်တဲ့ဆရာဝန်လေးနဲ့ မျက်နှာကြောတင်းတင်းနဲ့နေတတ်ပြီး မာနကြီးတဲ့ Mafia ဂိုဏ်းတစ်ခုက လူဆိုးလေးတစ်ယောက်..မတော်တဆ ချစ်မိသွားတဲ့အခါ.....