~23~

2.1K 75 0
                                    

"သန်ဘက်ခါ ညနေသုံးနာရီ။ မြို့ရှောင်လမ်းမှာ "

ဦးမြတ်လင်း၏စကားကို ခေါင်းငြိမ့်လက်ခံလိုက်သည်။ ခွန်း ခွံ့ပေးသည့် ဆန်ပြုတ်ကို ငြင်းဆိုလိုက်သည့်တိုင် သူ့ဗိုက်သည် ဆာ,မလာ။ အစာမစားဖြစ်သည်မှာ သုံးရက်ရှိပြီဖြစ်သည်။ အမေသည်လည်း မျိုးစုံဝယ်လာပေးသည်ပဲ။ ဘာမှမစားဖြစ်။ ရေကိုပင် တစ်စက်တစ်လေလောက်သာ သောက်ဖြစ်သောကြောင့် ခြောက်သွေ့ဖြူလျော်နေသော နှုတ်ခမ်းတွေ။

သူတွေးပူနေတာရှိသည်။ အဖေသည် ဝေလင်းကို ဒီအတိုင်းလွယ်ကူစွာ လွှတ်လိုက်ပါ့မလား။

.

" မသေခင် ဝအောင်စားထား ကောင်လေး "

ထမင်းလာကျွေးသည့် အဒေါ်ကြီးအား ငြင်းဆိုနေသည့် ဝေလင်းကို ဦးမာန်ခက်ကြည့်ရင်းပြောသည်။

" သေမယ့်အတူတူ စားမနေတော့ဘူး။ ဒီအစား သူ့ ကိုမလာဖို့ပြောပေး "

ဝေလင်း၏ စကားကြောင့် ဦးမာန်ခက် လှောင်သလိုတစ်ချက်ရယ်သည်။

" ငါ့သားကို ငါတောင်မနိုင်ပါဘူး အဟက်!"

_________

" ဘယ်လိုလဲ ခွန်း။ ဘယ်လိုတွေဖြစ်သွားပြီလဲ "

" ကိုရှိုင်းကို ဖမ်းထားကြတာပေါ့။ မနက်ဖြန်လို့တော့ပြောတယ်။ "

"ကိုယ်တို့လာကယ်.."

"ပြောတာပဲ။ မလုပ်နဲ့တဲ့။ ကယ်စရာမလိုဘူးတဲ့"

တစ်ဖက်မှ Sitt၏ သက်ပြင်းချသံသဲ့သဲ့ကြားရသည်။ သူတို့လည်း လာလို့မရသဖြင့် ခွန်းအား ဖုန်းဆက်မေးနေခြင်းဖြစ်သည်။

" မနက်ဖြန်ကျရင် ကိုယ်တို့လည်း ရှိနေမယ်။ တစ်ခုခုဆို အသင့်ဖြစ်အောင် ။ ဘာမှာချင်လဲလို့ "

"ကိုရှိုင်း...ဘာမှာဦးမလဲ"

" မနက်ဖြန်ကျရင်...အဖေတို့ကို တစ်ချက်စောင့်ကြည့်ပေး။ ဒီတိုင်းလွှတ်လိုက်မယ့်ပုံမဟုတ်လို့။ သေနတ်ထုတ်တာနဲ့ မသေနိုင်မယ့်နေရာကို ပစ် "

ရှိုင်းစစ်၏ စကားကြောင့် ခွန်းခေါင်းခါသည်။ ဖုန်းချသွားပြီးနောက် ခွန်းက စိတ်ပျက်စွာ ရည်ရွတ်လာသည်။

" သူ့ကြောင့်နဲ့.."

"မဟုတ်ပါဘူးကွာ။ ငါ့ကြောင့်ပါ... ပြန်ရင်ပြန်တော့...ကိုယ်အိပ်တော့မယ်"

ခွန်းကိုပြောရင်း စောင်ဆွဲချုံကာ တစောင်းလှဲအိပ်သွားသည်။ ခွန်းသက်ပြင်းချရင်း ထွက်လာခဲ့လိုက်သည်။

ရှိုင်းစစ်မာန် မျက်လုံးကို ဖိမှိတ်ပစ်လိုက်သည်။ ထိုးကိုက်လာသော ခေါင်းအား အံကြိတ်တင်းခံရင်း အိပ်ပျော်သွားအောင်သာ ကြိုးစားရသည်။ သို့သော် အိပ်လို့မရ။ ကြောင်နေသော မျက်လုံးများက ပြတင်းတံခါး အပြင်ဘက်ရှိ အစုလိုက် ရွေ့လျားနေသော တိမ်ဆိုင်များကိုသာ ငေးကြည့်နေမိသည်။ မိုးရွာတော့မယ့်ပုံပါပဲ။

ပြိုမလိုတိမ်တိုက်တွေ....မပြိုတော့တဲ့ မိုးတိမ်တွေ.....ပျောက်ကွယ်သွားမယ့် ရေငွေ့တွေ...

Thanks.......
Next part will be ending..... ✨

ကြည်နူးရသောအမုန်းWhere stories live. Discover now