~11~

2.3K 112 0
                                    

"ဘယ်လိုလည်း ရှိုင်းစစ် ခရီးကအဆင်မှပြေရဲ့လား။"

"ဘယ်တုန်းကပြန်ရောက်တာလဲ။"

"မနက်ကမှပါ။ "

ရေတစ်ဘူးကိုထုတ်သောက်လိုက်ရင်း ဘေးကနေရပ်ကြည့်နေတဲ့Sueeကိုပြန်ကြည့်လိုက်သည်။
ခပ်ချီချီတစ်ချက်ကြည့်ပြီး....အိမ်ရှေ့ကိုပြန်ထွက်သွားတဲ့Sueeရဲ့ကျောပြင်ကိုကြည့်ရင်း သူ့နောက်ကလို်ကထွက်မိတော့

"ပြဿနာတွေမတက်ခဲ့ဘူးမလား"

"အင်း"

"အပိုတွေ။ ကောင်လေးတစ်ယောက်ကိုကာကွယ်ပေးနေတာနဲ့မအားဘူးဆို။ အပြန်မှာတွေ့တဲ့သူတွေကိုရော ဘယ်လိုဖြစ်သွားလဲ "

Tvကိုကြည့်နေရင်း စိတ်ဝင်တစား မေးနေတဲ့Sueeကိုပြန်ဖြေလိုက်သည်။

"ချွေးတောင်မထွက်ဘူး။ "

"သတိထား။ ရဲတွေဘက်ကလည်းသိပ်အဆင်ပြေသေးတာမဟုတ်ဘူး။ စိပ်လာရင် နည်းနည်း အခက်တွေ့သွားနိုငိတယ်"

"အေးဆေးပါ"

ပြောပြီး အခန်းဆီပြန်တက်ခဲ့သည်။ အဖေကတော့ မပြန်လာသေးဘူး။ ရှင်းစရာလေးတွေကျန်နေပုံပါပဲ။

"Sitt အဆင်ပြေလား"

"အင်းပြေတယ်။ အိမ်ပြန်ရောက်သွားပြီ"

"သေချာလား"

"အိမ်ထဲဝင်သွားတာကိုငါကိုယိတိုင်ကြည့်ခဲ့တာကွာ။ အဲ့လောက်သည်းမနေနဲ့"

ဖုန်းချလိုက်ပြီးကုတင်ပေါ်ပစ်လှဲချလိုက်သည်။ ခါးကဒဏ်ရာကသက်သာသလိုရှိပေမယ့် ဒီနေ့နဲနဲလှုပ်ရှားလိုက်ရတော့ ပြန်နာသလိုရှိသည်။

စည်းပေးထားတဲ့ပတ်တီးကိုကိုင်ကြည့်ရင်းပြုံးမိသည်။ ဒါလည်းအမှတ်တရလေးပဲ။ အမှိုက်ပူံးထဲရောက်ရမယ့်အမှတ်တရလေး။

~~~~

"ရောက်ပြီအကို။ ဒီမှာပဲရပ်လိုက်လို့ရတယ်"

"ဒီအိမ်လား"

"မဟုတ်ဘူး။ လမ်းထဲဝင်ရမှာ။ ဆက်လျှောက်သွားလိုက်တော့မယ်"

"အိမ်ကိုပဲညွှန်ပေးစမ်းပါ"

ပါးစပ်ပိတ်လိုက်ရသည်။ သူ့သူငယ်ချင်းတွေကလည်းသူ့အတိုင်းပဲ။ အိမ်ရှေ့ကားရပ်လိုက်တာနဲ့ ဆင်းပြီးပြန်နှုတ်ဆက်မလို့လုပ်တော့ သူပါဆင်းလာသည်။

ကြည်နူးရသောအမုန်းWhere stories live. Discover now