~21~

1.9K 77 3
                                    

"ဝေလင်း၊ တွေ့ချင်နေပြီမလား။ သွားတော့..ငါနေခဲ့လိုက်မယ်"

စုမြတ်စကားကြောင့် ဝမ်းသာသွားရသော်လည်း ငါးမိနစ်လောက် အချိန်ကိုပင် သူများပုခုံးပေါ်ပစ်မသွားနိုင်ပါ။

"ရတယ်။ နာရီဝက်လောက်ပဲကို...ရတယ်"

ပြောသာပြောရတာ စိတ်တွေကတော့ ကုတင်ပေါ်လှဲနေမည့်လူဆီသာ။
.
.
.
"အွန်း။ အဖေ့ကိုပြောပေး၊ ငါဒီညစောင့်ပေးလိုက်မလို့"

"အေး...နင်လည်း ဂရုစိုက်ဦး"

အခန်းရှိရာဆီလမ်း ကွေ့လိုက်သည်နှင့် အခန်းထဲမှထွက်လာသော ဝတ်စုံပြည့်နှင့်လူကြီးတစ်ယောက်အားတွေ့လိုက်ရသည်။ သန့်ပြန့်နေသော ဦးလေးကြီးသည် နုစဥ်အခါက ချောမောခဲ့ပုံရပါသည်။
ခံ့ညားသောရုပ်ရည်တွင် စိတ်မရှည်မှုများ ဒေါသများ ရောစွတ်နေပုံရသည်။

ဒီဦးလေးကိုမြင်ဖူးနေပါတယ်။

စဥ်းစားကြည့်မိတော့ ချက်ချင်းခေါင်းထဲပေါ်မလာ။ တွေးရင်းတွေးရင်းဖြင့် မြင်ယောင်လာသောပုံရိပ်တွေကြောင့် မျက်လုံတွေဖိမှိတ်ပစ်လိုက်ရသည်။

အမေနှင့်အတူ သီချင်းလေးညည်းကာ မောင်းနှင်လာတဲ့ကားအား အသံကျယ်ကြီးတစ်ခုနှင့်အတူ ရပ်တန့်သွားစေသူ

အမေ့ခေါင်းအား တုတ်ဖြင့်ရိုက်ကာ မိမိကိုလည်း အတင်းချီပွေ့ခေါ်ဆောင်သွားသူတွေ

ချိန်းကြိုးတစ်ချောင်းဖြင့် အမေနှင့်မိမိအား မလှုပ်မယှက်နိုင် ချုပ်နှောင်ထားသူ

မကြာမကြာလာ၍ အမေ့အား မေးခွန်းများမေးကာ အဖြေမရပါက ကြမ်းတမ်းစွာရိုက်နှက်သူ

ဘယ်လိုမေးမေးမရချိန်တွင် ချိန်းကြိုးကြီးတစ်ချောင်းဖြင့် မိမိအား အားလွှဲရိုက်တတ်သည့် သူ

သေနတ်ဖြင့် အမေ့နဖူးတည့်တည့်ထောက်ထားသူ၏ မျက်ဝန်းတွေ...

ခြေထောက်တွေမခိုင်စွာ ဆောင့်ကြောင့်ထိုင်ချလိုက်မိသည်။ ဒီလူ...ငါလိုက်ရှာနေခဲ့ရတဲ့လူ....
သူ...သူပဲ

ခဏကြာ သွေးပျက်နေပြီးတဲ့နောက် ပြန်လည်ထရပ်ကာ အခန်းရှေ့အား ကြည့်လိုက်မိသည်။ မတွေ့တော့။ ရှင်းနေသော လူသွားလမ်းကသာ ဝေလင်းအား ရပ်ကြည့်နေသည်။
ပါးပြင်ပေါ်က စိုစွတ်မှုအား လက်ဖြင့်ဖိသုတ်လိုက်ကာ ခြေလှမ်းများကိုထိန်းချုပ်၍ အခန်းဆီလျှောက်လာခဲ့လိုက်သည်။

ကြည်နူးရသောအမုန်းحيث تعيش القصص. اكتشف الآن