"China ဘက်ကဂိုဏ်းတွေပြန်ဂြိုလ်ကြွနေပြန်ပြီဆို"
"ဟုတ်တယ်။ ရှိုင်း။ သူတို့ဟိုတစ်လောကငြိမ်နေတယ်ဆိုတာလည်း အင်အားပြန်စုနေတာပဲ။ အခုက Yakusaဂိုဏ်းတစ်ဂိုဏ်းနဲ့ပါပေါင်းလိုက်တာဆိုတော့ မနည်းတော့ ဖြိုရမှာပဲ"
"သိပ်ပိန်းကြတာပဲ။ ဘယ်ဂိုဏ်းနဲ့ပေါင်းပေါင်း ယှဥ်နိုင်တာကျနေတာပဲ။ ဒါနဲ့စစ်တပ်ဖက်ကရော အခြေအနေ"
"ဟိုတလောကမှ sueeက မီးသွားဆော့ထားတယ်မလား။ဘယ်ငြိမ်ဦးမလဲ။ မင်း father ကြီးကတော့လိုက်ဖြေရှင်းပေးနေလေရဲ့
အခု tigerဘက်ကတစ်ကောင်ကို မနေ့က club မှာတွေ့လိုက်တယ်လို့ပြောသံကြားတယ်။ ဘယ်လိုလုပ်ချင်လဲ။"
"ကျူပင်ခုတ်ရင် ကျူငုတ်ပါမချန်ရဘူးလေ။ ရှင်းလိုက်။ မိသားစုရှိရင် မထိခိုက်စေနဲ့"
"ကောင်းပြီ။ သဘောအတိုင်း။"
ပြောပြီးတာနဲ့ sittကဖုန်းချသွားသည်။
"တောက်စ်..""ကိုရှိုင်း ဘာဖြစ်လို့လည်း။"
ဖုန်းချလိုက်တာနဲ့ထွက်ပေါ်လာတဲ့တောက်ခေါက်သံကြောင့်ခွန်းကမေးလာသည်။
"Tiger ဘက်ကမီးစလေးတွေက Hitachi တွေဆီသွားစင်တယ်တဲ့။"
"ဒီတော့"
"အမြစ်ဖြုတ်ရမှာပေါ့"
အထိအခိုက်များမယ်မှန်းသိသော်လည်း အမြစ်ပါဖြုတ်ပစ်မှသာ နောက်ပိုင်းအေးဆေးနေရမှာလေ။
ပထမတစ်ခေါက်ကကျန်ခဲ့တော့အခုပြန်ရှင်းနေရတယ်မလား။"ကိုရှိုင်း ဆေးသောက်ရအောင်လေ"
"အဲ့မှာထားခဲ့လိုက်ခွန်း။ ငါပြီးရင်သောက်လိုက်မယ်။"
စာပွဲပေါ်မှာတင်ပြီး ခွန်းပြန်ထွက်သွားတော့မှ ဝရန်တာကိုထွက်မိသည်။
ခါးနားဆီကဓားရာက တဆစ်ဆစ်ဖြစ်နေသေးသည်။
ပြန်ဝင်ပြီးဆေးသောက်နေတုန်း ခွန်းရောက်လာပြန်သည်။"ကိုရှိုင်း။ ဦးလေးခေါ်နေတယ်"
ခေါ်ပြန်ပြီလား။ သက်ပြင်းချပြီး အဖေ့အခန်းဆီသွားလိုက်သည်။
အဖေကစားပွဲမှာဟန်ကျကျထိုင်နေသည်။ အဖေ့ဘေးမှာတော့sueeရှိသည်။
YOU ARE READING
ကြည်နူးရသောအမုန်း
Romanceတည်ငြိမ်တဲ့ဆရာဝန်လေးနဲ့ မျက်နှာကြောတင်းတင်းနဲ့နေတတ်ပြီး မာနကြီးတဲ့ Mafia ဂိုဏ်းတစ်ခုက လူဆိုးလေးတစ်ယောက်..မတော်တဆ ချစ်မိသွားတဲ့အခါ.....