~14~

2.1K 84 0
                                    

" ဒါဆို ယူရီတို့က ကူညီပေးရမယ်ပေါ့"

"အင်း...သိပ်မသေချာဘူးဆိုပေမယ်...အင်အားနည်းနည်းတောင့်သွားအောင် ပြီးတော့"

"သိပြီ သိပြီ ဂျပန်ဂိုဏ်းအချင်းချင်းဆိုတော့မလား"

"အင်း"

"အင်း...အမေ့ကိုပြောကြည့်မယ်လေ။ ကူညီမှာပါ...ဒါပေမယ့် သိပ်တော့အဆင်ပြေမယ်မထင်ဘူး ။ Hitachi တွေက တော်ရုံကျေမှာမဟုတ်ဘူး"

"သိတယ်...ဒါကြောင့် အဖေကိုယ်တိုင်တောင် အခုတည်းက စစ်တပ်တွေနဲ့ရော အထက်က လူတွေနဲ့ရော သွားပေါင်းနေရတာ...အရေးအကြောင်းဆိုအဆင်ပြေအောင်"

ပြောရင်း..ခပ်လှမ်းလှမ်းဝိုင်းမှာရပ်ပြီး Sueeနဲ့ အတိုင်အဖောက်ညီညီ စကားပြောနေတဲ့ ဝေလင်းကိုလှမ်းကြည့်လိုက်မိသည်။ ပွဲကပြီးသွားပြီဆိုတော့ လူတွေသိပ်မရှိတော့ဘူး။ သန့်ရှင်းရေးတွေဘာတွေဝင်လုပ်နေပြီ။ ရှိုင်းစစ်တို့ကတော့ ဆွေးနွေးစရာရှိတယ်ဆိုပြီးခဏဆက်နေ နေခြင်းဖြစ်သည်။

"ချစ်စရာလေးနော် ။၂၇နှစ်အရွယ် ဆရာဝန်တစ်ယောက်လို့ဘယ်သူကမြင်မှာလဲ"

ယူရီက ဝေလင်းကိုငေးကြည့်ရင်းပြုံးပြီးပြောသည်။ ဒါပေါ့ သူက ကလေးလေး။

" သူအန္တရာယ်ရှိလာမှာမလား"

"ကိုရှိုင်းရှိနေတာပဲ အဆင်ပြေမှာပါ။ ပွန်းရာပဲ့ရာလေးတော့ရှိမှာပေါ့"

"ပွန်းရာပဲ့ရာတောင်အဖြစ်မခံနိုင်တာ"

ယူရီတစ်ချက်ရယ်ရင်း

"ပိုပြီ"

မျက်စောင်းချီချီကို မျက်နှာလွှဲလိုက်တော့ အကြည့်တွေက ဝေလင်းဆီပဲပြန်ရောက်သွားသည်။
အရှေ့ဆီက ကောင်လေးကတော့အပူအပင်မရှိသလိုလို။

.

" ဝင်တော့"

"အင်း...ပြန်တော့"

"ခဏ"

လှည့်မယ်လုပ်ပြီးမှလှမ်းဆွဲလိုက်တာမို့ ဝိုင်းစက်နေတဲ့မျက်လုံးတွေနဲ့ ဆုံအောင်ကြည့်ရသည်။

"ဘာမှမဟုတ်တော့ဘူး ဝင်တော့"

ပြောစရာစကားလည်းမရှိတာကြောင့် အိမ်ထဲပဲဝင်ခိုင်းလိုက်တော့သည်။ ပြီးရောဆိုတဲ့အသံလေးနဲ့အတူ ကျောပြင်လေးမြင်ကွင်းထဲက ပျေက်သွားမှ ပဲ ပြန်လာခဲ့လိုက်သည်။

ကြည်နူးရသောအမုန်းWhere stories live. Discover now