~20~

2K 78 0
                                    

" မသွားလို့မရဘူးလား"

"မရလို့ပါ။ တစ်ပတ်ထက်ပိုမကြာပါဘူး"

လူနာဝတ်အင်္ကျီအဖြူဝမ်းဆက်လေးနဲ့ ရှေ့တွင် တင်ပလ္လင်ချိတ်ထိုင်နေသော ကောင်လေး။ ဖြူလျော့နေသော မျက်နှာလေးတွေသည် ထိလိုက်ရုံနဲ့တင် ပဲ့ကြွေသွားမတတ်။

မျက်နှာငယ်လေးဖြင့်ကြည့်နေသော ကောင်လေးသည် ရှိုင်းစစ်လက်ကိုလည်း မလွှတ်တမ်း ဆုပ်ကိုင်ထားသေး၏။

" ဆေးရုံကမနက်ဖြန်ဆင်းရတော့မှာပါဆို "

"စုမြတ်မိုလ်တို့ရှိနေတာပဲ။ ကို့ကို သွားခါနီး စိတ်မဖြောင့်အောင်"

တကယ်လည်း စိတ်မဖြောင့်။ဒီကောင်လေးကို အန္တရာယ်တွေကြား ဘယ်လိုထားခဲ့ချင်မလဲ။ အဖေခိုင်းတာမို့ မသွားချင်လည်း မရ။

" တစ်ပတ်ထက်ပိုမကြာဘူးမလား "

"အင်း။ မသွားလို့မဖြစ်လို့။ "

ဆီကင်းလွတ်နေတဲ့ ဆံပင်ပွယောင်းယောင်းတွေကို ထိုးဖွလိုက်ကာ ပြုံးမိသည်။

"သွား။ ဂရုစိုက်"

လေသံအေးအေးလေးသည်လည်း ရှိုင်းစစ်ရင်ကို ခုန်စေသည်။
ဒီကောင်လေးနဲ့မှ....

" မနက်ဖြန် မဆင်းနဲ့ရင် မဆင်းနဲ့ဦး။ သက်သာတာသေချာမှဆင်း။ အပြင်တွေလည်း တစ်ယောက်တည်းလျှောက်မသွားနဲ့။ တစ်ခုခုဆို ကို့ကို ဖုန်းချက်ချင်းခေါ်။အားရှိအောင်နေ"

"ဘာလို့လဲ"

မော့မေးလာသောကောင်လေးသည် အကြောင်းအရင်းမှန်ကိုသိပါရက်နဲ့ မသိချင်ယောင်ဆောင်ကာ မေးနေခြင်းဖြစ်သည်။
ရှိုင်းစစ် ကုတင်ပေါ်ထိုင်နေရာမှထရပ်ကာ ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး

" အားရှိမှ ဒဏ်ခံနိုင်မှာပေါ့ "

နီရဲသွားသော ပါးမို့လေးနှစ်ဖက်နှင့် ခေါင်းငုံ့သွားသော ကောင်လေး။ ရှိုင်းစစ်ခေါင်းမော့လှန်ကာ ရယ်မိသည်။

"နောက်တာပါကွာ။ နောက်ဘာတွေဆက်ကြုံမလဲဆိုတာ ကိုအာမမခံနိုင်ဘူး။ အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် ကို့ကလေး ခံနိုင်ရည်ရှိဖို့လိုတယ်"

ကြည်နူးရသောအမုန်းTahanan ng mga kuwento. Tumuklas ngayon