~7~

2.6K 123 1
                                    

"ရော့ သောက်လိုက်"

ရုပ်တည်တည်နဲ့ ဆေးတစ်ကဒ်လာထိုးပေးသူကိုမော့ကြည့်လိုက်သည်။ လက်ထဲက ဒီကိုဂျင်လ် ဆေးကဒ်လေးကို ယူလိုက်ပြီး သူ့ကိုထပ်မော့ကြည့်တော့ သူက ချောင်းတစ်ချက်ဟန့်ပြီး ခပ်လှမ်းလှမ်းက စားပွဲမှာသွားထိုင်နေသည်။

ဒီဆေးလောက်တော့ ငါ့လည်းပါပါတယ်ဟ။ဆရာဝန်ကိုဆေးလာပေးနေတယ်။
ပြုံးမိလိုက်သေးသည်။

"နေမကောင်းဘူးလား"

"ဟွတ်....ဟင်...အင်း"

"ဖြေးဖြေးသောက်လေ ။ သီးဦးမယ်။ နန်းတို့သွားရတော့မယ်လို့ အဲ့တာ လာခေါ်တာ"

"သြော်....လိုက်ခဲ့မယ် သွားနှင့်"

"အင်း....သွားနှင့်ပြီနော်"

ပြောပြီးထသွားတဲ့နန်း။ ဆေးသောက်လိုက်တာတောင်ခေါင်းကမကြည်သေး။ လွယ်အိတ်လွယ်ပြီးထရပ်လိုက်တော့ မိုက်ခနဲ။ မိုက်ခနဲပဲ။ မူးတောင်မမူးရသေး။ ဘေးကနေလာထိန်းတဲ့လက်ကြောင့်မူးချင်တာတောင်ဘယ်ပျောက်သွားလဲမသိ။ ကြည့်လိုက်တော့ ရှိုင်းစစ်မာန်ဆိုတဲ့လူ။

"လျှောက်နိုင်လို့လား"

"နိုင်တယ်"

တွန်းဖယ်လိုက်ပြီး တစ်လှမ်းနှစ်လှမ်းလျှောက်မိတော့ ထပ်ယိုင်ပြန်သည်။ ဒီတစ်ခါတော့တကယ်မူးသွားတာ။

"မဖြစ်ပါဘူး။ လာ"

ပြောရင်းသူကတွဲခေါ်သည်။ သုံးဘီးကားပေါ်ရောက်တော့ လည်း သူ့ပုခုံးပေါ်မှီခိုင်းထားသေးသည်။လမ်းကကြမ်း။မသွားနိုင်ရင်မသွားနဲ့ဆိုတဲ့စုမြတ်စကားကိုနားထောင်ခဲ့သင့်သည်။

"ဆရာလေးကနေမကောင်းဘူးလား။ ခွင့်တင်လိုက်ပြီးရောကို။ ရွာရောက်ဖို့ကဆက်လျှောက်ရဦးမှာ"

"ဘာမှမဖြစ်ဘူး။ ကျွန်တော်ခေါ်ခဲ့မယ်..။ ကျွန်တော့်သူငယ်ချင်းတွေရော။ "

"သူတို့ကသွားနှင့်ပြီလေ။ ဒါဆို ကျွန်မတို့သွားနှင့်ပြီ။ အေးဆေးလိုက်ခဲ့ကြပေါ့"

သူခေါင်းငြိမ့်ပြလိုက်တော့မှ ထိုဆရာဝန်မကထွက်သွားသည်။ သူကဝေလင်းဘက်လှည့်လာပြီးမျက်နှာကိုစေ့စေ့ကြည့်သည်။

ကြည်နူးရသောအမုန်းWhere stories live. Discover now