ဇာတ်သိမ်းပိုင်း

5.4K 123 22
                                    

မနက် ရှစ်နာရီထိုးပြီဖြစ်သည်။ နေသည် ရင်တွင်းအပူမီးအချို့အား မသိသည့်အလား တစ်ကိုယ်ကောင်းဆန်စွာ သာယာနေသည်။ တိမ်ကင်းစင်၍ လမ်းလျှောက်ကောင်းသော ရာသီဥတုဖြစ်သော်ငြား ဆေးရုံ၏ အခန်းလေးတစ်ခုအတွင်း၌ မုန်တိုင်းမတိုက်မှီ ကာလကဲ့သို့ ငြိမ်သက်နေသည်။

" အစ်ကို...ဒါလေးတော့စားလိုက်ပါနော်..."

"အစ်ကို မစားချင်ဘူး နန်း။ ဒီတိုင်းဗိုက်မဆာဘူး"

နန်းလက်လျှော့လိုက်ရပြန်သည်။ ထမင်းမစားသည်မှာ သုံးလေးရက်။ ရေကိုလည်း အာစွတ်ရုံသာ။ အားမရှိသောခန္ဓာကိုယ်သည် အတော်ပိန်ကျသွားသည်။

" ကိုရှိုင်းစစ်မာန် "

စုမြတ်မိုလ်၏ အသံကြောင့် ရှိုင်းစစ် အခန်းဝအား ကြည့်လိုက်သည်။ ဝင်လာသူသည် နန်းရဲ့ဘေးလာရပ်ကာ ရှိုင်းစစ်လက်ထဲ စာအုပ်လေးတစ်အုပ် ထည့်ပေးသည်။

" ဖွင့်ကြည့်လိုက်ပါ။ ဒီနေ့ပြီးသွားရင် ပြီးပြီမဟုတ်လား။ အကို့ဘက်က မပြီးရင်တောင် ဝေလင်းက ပြတ်သားတဲ့သူပါ "

ရှိုင်းစစ်ပြုံးပြလိုက်သည်။ သက်ဝင်မှုတော့မရှိ။ အပြာနုရောင် စာအုပ်အဖုံးလေးသည် အထက်တန်းကလေးတစ်ယောက်၏ စာအုပ်လေးကဲ့သို့။ ပထမစာမျက်နှာတွင် ခေါင်းစဥ်လေးတစ်ခုတည်း။
' အမြင်ကတ်စရာဦးလေးကြီး ' တဲ့။ ရင့်ကျက်တဲ့ ဆရာဝန်တစ်ယောက်ရဲ့ ကလေးဆန်မှုလေး။ ဒုတိယစာမျက်နှာတွင်တော့ မျက်မှန်အောက်ကမျက်ဝန်းတွေ ဆိုတာကိုပဲ ရေးထားသည်။ နေ့စွဲသည် စတွေ့သည့် ထိုနေ့။

' အကျိုးနည်း။ ဦးလေးကြီးက ထိုင်းစကားလည်းပြောတတ်သေး '
' နမ်းလိုက်တယ်ထင်နေတာ။ မေးနဲ့ထိသွားတာ.....။ ငါအဲ့လောက်မပုပါဘူး သူကိုက ရှည်နေတာ။ ဝေလင်းခန့်ရေ....ဘာတွေတုန်း'
' အိုမို...တစ်သက်မှာတစ်ခါပဲထားတဲ့ရည်းစားက ယောက်ျားလေးတဲ့။ ရူးတော့မှာပဲ'
' ဒီသံသရာကို ဒီလူကြီးနဲ့ပဲ ဖြတ်သန်းသွားနိုင်ကြောင်း...'

'ဒီသံသရာကို ဒီလူကြီးနဲ့ပဲ ဖြတ်သန်းသွားနိုင်ကြောင်း' တဲ့။ ငိုင်မိသွားပြန်သည်။

မဖြတ်သန်းနိုင်တော့ဘူးလား...ကလေး.။

' အိပ်မက်က ဆရာဝန်လို့ထင်ခဲ့တာ။ လက်စသတ်တော့ သူ ဖြစ်နေတာကိုး။ အသက်ကြီးလာရင် ပင်းတယမှာ အိမ်လေးဆောက်မယ်။ ခွေးလေးမွေးမယ်။ ချယ်ရီပင်လေးစိုက်မယ်။ နွေဦးမှာ ချယ်ရီတွေဝေနေစေမယ်။ နွေဦးချယ်ရီတွေလို တဒင်္ဂမဖြစ်စေဖို့တော့ မျှော်လင့်ရတာပါပဲ '

ကြည်နူးရသောအမုန်းDonde viven las historias. Descúbrelo ahora