Author note

1.6K 48 11
                                    

Author note ဆိုတာထက် readers တွေကို ကျေးဇူးတင်ချင်တာဖြစ်ပါလိမ့်မယ်။ အခုလိုမျိုး အဆုံးထိဖတ်ပေးခဲ့တဲ့ သူတွေကို ကျေးဇူးတင်လို့မဆုံး။ ကိုယ့်လို ခေါင်းထဲပေါ်ရာ ပေါက်ကရလျှောက်ရေးထားတာကို အဆုံးထိဖတ်ပေးခဲ့ကြတကည်းက ကိုယ့်အသည်းလေးတွေက တကယ့် ရေကြည်လေးတွေ။ ရေကြည်လေးတွေဆိုတာ ကိုယ်တင်စားတာကွာ။ သဲကန္ဒါရထဲက ရေကြည်လေးပေါ့။

အမှန်တော့် ဒီ ကြည်နူးရသောက ကိုယ့်အစ်မတစ်ယောက်နဲ့ plotစချခဲ့တာ။ အဲ့တုန်းက အပျော်ပဲ။ ဘယ်လောက်လဲဆို နှစ်ယောက်လုံး မျက်ခွက်တွေပြောင် စရင်းနောက်ရင်း ရသွားတဲ့ plot။ ဒါပေမယ့် ကိုယ်က နိုင်ငံရေးကိုသိပ်စိတ်မပါသေးတော့ ရိုမန့်ဒရာမာဘက် ပြောင်းသွားတယ်။ စချတုန်းက အကြမ်းစား။ ဒိုင်းညောင့်တို့ဘာတို့။ (စတာပါ)

လိုအပ်တာလေးတွေရှိနေမှန်း ကိုယ်လည်းသိပါတယ်။ စာဖတ်သူနေရာက ဖတ်ကြည့်ရင် လိုနေတာများတယ်။ ဒါပေမယ့်လည်း အဆုံးထိဖတ်ပေးခဲ့ကြတာ ဘယ်လောက် ကျေးဇူးတင်လိုက်သလဲ။ မင်းတို့က တကယ့်ရေကြည်အိုင်လေးတွေ။

အစက ကိုယ်ကြိုပြောခဲ့ဘူးတယ်။ ဇာတ်လမ်းအရ ရိုင်းတာတွေပါမယ်ပေါ့။ ဘယ်မှာလဲ ရိုင်းတာ။ အမလေး လိမ်မာယဥ်ကျေး အနွန်းလေးပါနော်။ တကယ့်နိုင်ငံရေးကျရင်တော့ မပြောတတ်ဘူး။

အခု ဒီဇာတ်ကို ပေးခဲ့တဲ့ အစ်မရော။ ရေးဖို့ကူညီခဲ့တဲ့ သူငယ်ချင်းရော။ အစသဖြင့် ပေါ့။ ကျေးဇူးတင်ရမှာတွေက ထုံးစံအတိုင်းများတယ်။ ရုတ်တရပ်ကြီး ဇာတ်သိမ်းသွားတယ်ဆိုတော့ ကိုယ့် ရီဒါတွေများ ကြောင်သွားမလား🙄 အဲ။

ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ့်လိုပေါက်ပန်းလေးဆယ်တွေ လျှောက်ပြော လျှောက်ရေးတတ်တဲ့ ဆယ်ကျော်သက်အရွယ် ယောက်ျားမကျမိန်းမမကျလေးရဲ့  ဘာမှန်းမသိတဲ့ ထူးထူးခြားခြား စာများကို ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်ကို ကျေးဇူးတင်ရှိပါတယ်။

နောက်တစ်ပုဒ်မှာပြန်ဆုံချင်ပါတယ်။ see you✨

Love,nong

ကြည်နူးရသောအမုန်းDonde viven las historias. Descúbrelo ahora