~6~

2.8K 120 0
                                    

"ဘယ်လိုလဲ။ရှင်းရမှာတွေရှင်းပြီးသွာပြီလား"

"ပြီးပြီ"

"အတော်ပဲပေါ့ မနက်ဖြန်သွားရမယ်။ပြင်ထားတော့"

ဘုရားစူးအဖေ။ ကိုယ့်သားဒဏ်ရာတွေနဲ့သက်သာလားမသာလားမမေးဘူး။သူခိုင်းဖို့ဟာကိုပဲတွေးတယ်။

"ဘယ်အချိန်လဲ"

"မနက်ခြောက်နာရီ sueeရေ ပြင်ပြီးရင်လာတော့ သွားကြမယ်"

ရှိုင်းစစ်ကိုပြောရင်း sueeကိုလှမ်းအော်သည်။
Sueeက လှပစွာ ပြင်ဆင်ပြီးဆင်းလာသည်။

"ပြီးပါပြီဦးရဲ့။သွားကြမယ်လေ။ ရှိုင်း သွားပြီနော်"

ဂရုမစိုက်ဘဲ ရေသာမော့သောက်နေလိုက်သည်။ အဖေနဲ့sueeကတော့ အိမ်ထဲကနေကျော့မော့စွာထွက်သွားကြလေပြီ။

နေပါဦး ငါကအဲ့တော့မနက်ဖြန်ကျရင်ဆေးရုံကိုလိုက်သွားရမှာလား ဆုံရပ်တစ်ခုခုရှိတာလား။ သေချာလည်းပြောမသွားဘူး။

"ကိုရှိုင်း၊ ခွန်းမနက်ဖြန်မလိုက်ဖြစ်လောက်ဘူးသိလား။ရန်ကုန်ဆင်းခိုင်းထားလို့။ အထုတ်အပိုးတွေအသင့်ပြင်ခဲ့ပေးထားတယ်နော်"

"အဖေခိုင်းထားတာလား"

"အင်း ဟုတ်တယ်။ ဒီမှာ အောက်ခန်းသော့"

အခန်းထဲမှာထိုင်ရင်း laptop ထဲက စာရင်းတွေ ပြန်ကြည့်နေမိတုန်းခွန်းကလာပြောသည်။
သူဘယ်တုန်းကအထုတ်အပိုးတွေပြင်ပေးလိုက်တာလည်းမသိ။
အောက်ခန်းဆိုတာ လက်နက်တွေထားတဲ့နေရာ။
အောက်ခန်းသော့ကိုရှေ့မှာချပေးရင်းခွန်းကပြုံးပြသည်။

"အာ့ဆိုခွန်းသွားရတော့မယ်။ သွားပြီနော်။နောက်နှစ်ပတ်နေရင်တွေ့မယ်"

"အင်း"

တံခါးပြန်ပိတ်သွားမှသော့ကိုကိုင်ကြည့်မိသည်။
ပြင်ထားပေးတဲ့အထုတ်တွေက ဧည့်ခန်းမှာထင်တယ်။
သော့ကိုပေးခဲ့တယ်ဆိုတော့ ယူရမှာလား။ သိပ်တော့ရိုးရှင်းတဲ့ပုံမပေါ်။

♠♠♠♠♠♠

"ဆရာလေး....အထုတ်တွေကဒါပဲလား"

"ဒါပဲလေ ။ နှစ်ပတ်ပဲကြာမှာမလား"

ကြည်နူးရသောအမုန်းWhere stories live. Discover now