~22~

2K 73 0
                                    

"နန်း"

"ဟင် သားက သိလို့လား"

"ဟုတ်တယ်အဖေ။ သူက သားတို့ဆေးရုံကပဲ။ နန်းခင်မွန်တဲ့"
.
.
.

"နန်း...။ နန်း။ ဒါနန်းအမေလား"

ရေးကြီးသုတ်ပြာပြေးလာပြီး ဓာတ်ပုံလေးတစ်ခု ကမ်းပေးကာ မေးသော ဝေလင်းအား နန်းကြောင်ကြည့်လျက် ခေါင်းငြိမ့်ပြမိသည်။

"နန်း။ နန်းအစ်ကိုကို ကိုယ်ရှာတွေ့ပြီ"

ဝိုင်းစက်သွားသော နန်းမျက်ဝန်းတွေအား စိတ်လိုလက်ရငေးမိသည်။ တူလိုက်တာ...တစ်ထေရာတည်း။ အကြည်ရောင်တောက်ကာ ပြာပြာလဲ့နေသော မျက်ဝန်းတွေ။ ဘာကြောင့်များ မဆက်စပ်မိခဲ့ပါလိမ့်ပေါ့။

ဟုတ်ပါတယ်။ ဒါနောက်ဆုံးပါပဲ။ သူအရမ်းတွေ့ချင်နေမယ့် သူ့ညီမကို သူ့အနားပြန်ပို့ပေးခဲ့ပြီးရင်တော့ ငါလည်းသူ့အနားက ထွက်သွားမှပါ။

" အစ်ကို "

နန်းရဲ့တုန်ယင်နေသော အသံကြောင့် ဆေးရုံကုတင်ပေါ်မှလူက ကြောင်အစွာလှမ်းကြည့်သည်။
ရုတ်တရပ်ပြေးဖက်သော နန်းအား အထူးအဆန်းကြည့်နေသေးသည်။ နန်းငိုနေသည်။ ရှိုက်ကြီးတငင်။ ဗလုံးဗထွေးတွေလည်းပြောနေသေးသည်။

" အစ်ကိုရယ်။ ငါ့အစ်ကိုရယ်။ ညီမလေး တစ်သက်လုံး လိုက်ရှာလာခဲ့ရတာ "

ဝိုင်းစက်သွားသော လူကြီး၏မျက်လုံးများ။ ဝေလင်း ဓာတ်ပုံလေးသွားပေးလိုက်သည်။ ဓာတ်ပုံကိုကြည့်နေရငး်မှ အရည်ကြည်တောက်များ နေရာယူလာနေပြီ။

" ညီမလေး....နန်း။ "

ပြန်လည်ပွေ့ဖက်သောလက်တွေကြား ဝေလင်းအငွေ့ပျံပျောက်ဆုံးချင်လာသည်။ ဝေလင်းကိုကယ်ခဲ့ရင်း သူ၏ညီမလေးနဲ့ ကွဲကွာခဲ့ရတာကိုတော့ သိမည့်ပုံမပေါ်။

လှည့်ထွက်လိုက်သည်။ ပါးစပ်ကိုလက်ဖြင့်အုပ်ပိတ်ကာ အသံမထွက်အောင် ကြိတ်ငိုမိပြန်သည်။ ခြေလှမ်းတွေကို ဆေးရုံအုပ်ကြီးရုံးခန်းသို့ လှည့်လိုက်သည်။ ထွက်သွားချိန်တန်ပါပြီ။ ဒီလူသားအနား...။ ဒီနှောင်ကြိုးအနားက...

" ထွက်စာတဲ့လား ဝေလင်း။ မင်းသင်လာတဲ့ပညာတွေက ဒီအတွက်လား။ "

ကြည်နူးရသောအမုန်းTahanan ng mga kuwento. Tumuklas ngayon