~19~

1.9K 82 0
                                    

"သတ်ပစ်"

"ဟုတ်ကဲ့"

"ငါခိုင်းတာမှန်း ရှိုင်းစစ်မရိပ်မိစေနဲ့။ Hitachi တွေဘက်က တိုက်ခိုက်ရင်း အဲ့ကောင်လေးပါ ပါသွားတဲ့ပုံမျိုး၊ အတတ်နိုင်ဆုံး တူအောင်လုပ်"

"ဟုတ်ကဲ့ဆရာ"

လူယုံတဖြစ်လဲ အတွင်းရေးမှူးအား သွေးအေးအေးပင် ခိုင်းစေလိုက်သည်။ အတွင်းရေးမှူးပြန်ထွက်သွားမှ စားပွဲပေါ်မှ ဖုန်းကိုယူကာ တစ်နေရာဆီ ဆက်လိုက်သည်။ တစ်ဖက်ဆီမှ အသံစကြားလာမှ

" နေကောင်းပါရဲ့လား ဗိုလ်ချုပ်"

"ဦးမာန်ခက်တို့ ထူးထူးဆန်းဆန်း ဖုန်းဆက်လာပုံထောက်တော့ ပစ္စည်းတွေ ရောက်တော့မယ်ထင်ပါရဲ့"

"ဟားဟား ဟုတ်ပါ့ဗျာ။ အခုအခေါက်က အရင်လို ဆေးတွေတင်မဟုတ်ပဲ ဈေးကြီးကြီး ရှားပါးပစ္စည်းလေးတွေလည်း ပါတယ်လေ"

"အိုးဟိုး ဒါဆို ကြေးပိုမြှင့်ရမှာပဲထင်တယ်"

"ကောင်းပါပြီဗျာ ။ မြှင့်တော့လည်း လိုက်ရတာပေါ့"

ဖုန်းချပြီးတဲ့နောက် ပစ္စည်းတွေမနက်ဖြန်ရောက်မည် ဆိုသည့်အကြောင်း ဖုန်းထပ်ဝင်လာသည်။

သက်ပြင်းသဲ့သဲ့ချပြီး စီးကရက်ကို ပြာခွက်ထဲ ဖိချေလိုက်သည်။
.
.
.

" နေကောင်းရဲ့လား "

"ကောင်းပါတယ်"

"ဖြူဖတ်ဖြူရော်နဲ့ သေချာရဲ့လား"

"အင်း"

"သေချာပါတယ်နော်"

တတိယမေးခွန်းဆုံးပြီးတဲ့နောက် လက်ထဲမှဇွန်းအား ချလိုက်ကာ မျက်ခုံးကြုတ်၍ မော့ကြည့်လိုက်သည်။ စွာမလို့လုပ်ထားပေမယ့် စိုးရိမ်တကြီးမျက်ဝန်းတွေကြောင့် စိတ်လျှော့လိုက်ရသည်။

"ပင်ပန်းလို့ပါ"

ခေါင်းငုံ့ချလိုက်ပြီး စားလျက်စ ခေါက်ဆွဲကြော်ကိုသာ တို့ကနမ်းဆိတ်ကနမ်း ဆက်စားနေလိုက်သည်။

ပါးပြင်ပေါ်လာထိတွေ့တဲ့ လက်ဖဝါးပြင်ကျယ်ကျယ်ကြောင့် မော့ကြည့်လိုက်တော့ သနားစိတ်ပြည့်နေတဲ့မျက်ဝန်းတွေ

ကြည်နူးရသောအမုန်းحيث تعيش القصص. اكتشف الآن