~13~

2.3K 95 2
                                    

" ဒီတလော ဘယ်တွေပျောက်နေတာလည်း"

"အဖေကရော ဘယ်တုန်းကပြန်ရောက်လာတာလဲ"

" တွေ့ဆုံပွဲရှိတယ်လေ.... အဲ့တာ မင်းသွားရမယ်"

"မသွားဘူး သွားစရာရှိတယ်"

" မင်း ငါ့ကို မကြောက်တော့ပါလား"

"အမှားလုပ်ထားတာမရှိဘူး"

"ထားလိုက်ပါ အဲ့ပွဲကို sueeလည်းသွားမှာ"

စစ်မတိုက်ခင် ငြိမ်သက်နေတဲ့ စစ်မြေပြင်ကြီးလို ဧည့်ခန်းထဲsueeရောက်လာပြီး အဖေ့ရဲ့ပေါင်ပေါ်ဝင်ထိုင်သည်။ ပါလာတဲ့ဝိုင်ခွက်တစ်ခွက် အဖေ့ကိုပေးရင်း ခွက်ချင်းတိုက်လိုက်သေး၏။
လက်ထဲက soda ဘူးကိုသာမော့သောက်လိုက်သည်။

"ဘာပွဲမို့လို့လဲ"

"Yukon ရဲ့ မျိုးဆက်သစ် Yurichan က. ပါတီပွဲတစ်ခုလုပ်မယ်ဆိုပြီး resort ကို ခန်းမလာငှားတယ်။ အဲ့တာ sueeတို့ကိုလည်းဖိတ်တယ် "

"နောက်ပိုင်းကိစ္စတွေအတွက်က သူတို့အကူအညီလိုတယ်။ အဲ့တာကြောင့်"

ရှိုင်းနဲ့sueeပြောတာကို အဖေကခေါင်းငြိမ့်သည်။

"ဒါဆို နှစ်ယောက်အတူ သွားကြမယ်ပေါ့"

"ဟားး...noပါ...sueeလည်းအဲ့လိုထင်ခဲ့တာ   ရှိုင်းက ပါတနာရှိပြီးသားတဲ့။ အဲ့တာကြောင့် sittနဲ့ သွားရမှာ"

Sueeစကားကြောင့် အဖေကမျက်ခုံးပင့်ပြီးရှိုင်းစစ်ကိုကြည့်လာသည်။

"ဒီလိုပဲ"

"ဘယ်ဂိုဏ်းကသမီးလည်း။ "

"ယောက်ျားလေး....မိန်းကလေးမဟုတ်ဘူး ယောက်ျားလေး။ ဘယ်ဂိုဏ်းကမှလည်းမဟုတ်ဘူး"

"မတူရင်တော့ မခေါ်တာကောင်းမယ်။ သူအန္တရာယ်ရှိတယ်"

"မပူပါနဲ့ ကျွန်တော်ကာကွယ်ပေးမှာ"

Sueeကတော့ အဖေ့ကိုကြည့်လိုက် ရှိုင်းစစ်ကိုကြည့်လိုက်နဲ့တိတ်ဆိတ်နေသည်။
သူ့ကိုခေါ်မယ့်အကြောင်းက ကိုယ်ဟာဘယ်လောက်အန္တရယ်များကြောင်း အသိပေးချင်တာပဲ။ အနားမှာရှိနေတာဟာ ဘယ်လောက်အန္တရယ်ရှိနိုင်ကြောင်းပေါ့။ ဒါဆို ဒီကလေးရှောင်ပြေးသွားမယ်မလား။

ကြည်နူးရသောအမုန်းWhere stories live. Discover now