~8~

2.7K 126 1
                                        

ရွာထဲဆေးပုံးကြီးလွယ်ပြီးလျှောက်သွားရတာလည်းလွယ်မနေပါဘူး။
ပုခုံးတွေလည်းအောင့်နေပြီ ဟိုလူကြီးကတော့ သူ့လူတွေနဲ့အေးဆေး။
အချို့တွေကိုကုပေးရတာအဆင်ပြေပေမယ့် အချို့ဗမာစကားမတတ်သူတွေကျတော့အနည်းငယ်မော့ရသည်။

"Doctor ဝေလင်းခန့်.....ဟုတ်တယ်နော်။ "

"ဟုတ်ပါတယ်။ ဘာကိစ္စလည်းမသိ။"

"ခဏလောက်လိုက်ခဲ့ပေးလို့ရမလား။ လူနာကြည့်ဖို့ပါ"

ခေါင်းငြိမ့်ပြလိုက်သည်။ ဆေးရုံအုပ်ကြီးမိတ်ဆက်ပေးခဲ့တဲ့လူတွေထဲကတစ်ယောက်ဖြစ်သည်။

သူ့အနောက်ကလိုက်ခဲ့တော့ဦးတည်ရာက ဟိုလူကြီးဆီ။

"ဟမ်....လူနာကြည့်ဖို့ဆို"

"ငါ့ဒဏ်ရာကို ပတ်တီးပြန်စည်းပေး"

ပြောပုံကိုက ကိုယ်ကပဲသူ့အလုပ်သမားလိုလို....

ဆေးပုံးကြီးချလိုက်ပြီးသူ့အနောက်ဝင်ထိုင်လိုက်သည်။ မနက်ကအသေအချာစည်းထားပေးတာ ဘယ်လိုဖြစ်လို့ပြေသွားတာလည့း။

"မင်း....ငါ့ကိုမကြောက်ဘူးလား"

"ဘာလို့ကြောက်ရမှာလည်း"

"ဟမ်...အေး...အေးပါ"

ပတ်တီးသေချာစည်းပေးလိုက်ပြီးတော့ လှပသွားတဲ့ကိုယ့်လက်ရာကိုကြည့်လိုက်ပြီးကျေနပ်စွာတစ်ချက်ရိုက်တော့ သူ့ဆီကအာ့ခနဲအသံထွက်လာသည်။
တောင်းပန်စကားမဆိုမိဘဲ မျက်စောင်းသာခဲမိသည်။

ဆေးပုံးကြီးပြန်လွယ်ပြီး ထွက်သွားဖို့ပြင်နေတဲ့အသေးလေးကိုကြည့်နေရင်း မျက်လုံးတွေကခပ်လှမ်းလှမ်းတစ်နေရာကလူရိပ်ဆီ။

"ဟေ့...မသွားနဲ့ဦး။ ခဏ"

ဘုကြည့်ပြန်လှည့်ကြည့်လာသည်။

"Sitt တစ်ချက်သွားကြည့်လိုက်။ အရိပ်မြင်ရင်တစ်ခါတည်းရှင်းပစ်လိုက်"

အမလေး။ တစ်ခါတည်းရှင်းပစ်တဲ့ လွယ်လိုက်ကြတာ လူ့အသက်တစ်ချောင်းကို။
အင်းးးးဟုတ်ချင်မှလည်းဟုတ်မှာပါ။

ကိုယ်ကသာဖြေတွေးနေတာ ပတ်တီးနဲ့ထိုင်နေတဲ့လူက သေနတ်တိုတစ်လက်ကို အဆင်သင့်ပြင်ပြီးကိုယ့်ရှေ့ကွယ်ရပ်နေပြီ။

ကြည်နူးရသောအမုန်းDove le storie prendono vita. Scoprilo ora