" စုံစမ်းခိုင်းထားတာတွေအကုန်သိရပါပြီဆရာ"
"ပြောစမ်းပါဦး...သိထားသမျှ"
လက်ထဲမှဆေးလိပ်ဆီကကြွေကျခါနီးပြာတောင့်အား..ကြွေအံခွက်လေးအတွင်းသို့တစ်ချက်တောက်ချလိုက်သည်။
"မြို့နယ်ဆေးရုံမှာတာဝန်ကျနေတဲ့အသက်၂၇နှစ်အရွယ်ဆရာဝန်တစ်ယောက်ပါ။..အမေဖြစ်သူကတော့ ငယ်ငယ်လေးတည်းကဆုံးပါးသွားပြီး အဖေကတော့ ရဲမှူးတစ်ယောက်ပါ"
"ရဲမှူးတဲ့လား...နာမည်ကရော"
"ဝေလင်းခန့်ပါ"
"မဟုတ်ဘူး..ဖအေနာမည်"
"အာ...ဦးမြတ်လင်းပါ..."
လက်ကြားညှပ်ထားတဲ့ဆေးလိပ်ဟာ..ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။...အတွေ့မဆုံတာကြာတဲ့ရန်သူဟောင်းတစ်ယောက်ကိုမြင်တွေ့လိုက်ရသလိုပဲ။...ဦးမြတ်လင်းရဲ့သားက...Devil တွေနဲ့လာပတ်သက်နေတယ်ဆိုတာ..သိမှသိပါ့မလား။
"ဆက်စောင့်ကြည့်ထား..."
.........................
" နင်မနေ့က ပါတီသွားတယ်ဆို"
"ဟင်...အင်းးး..ဘာဖြစ်လို့လဲ"
"ဘယ်သူပေးတာလဲ ။ နင်တောင် မိတ်ဆွေတွေရနေပြီပေါ့"
"အဲ့လိုတော့လည်းမဟုတ်ပါဘူးဟ။ "
ခေါင်းကုတ်ရင်းပြောတော့ စုမြတ်က မယုံသင်္ကာ ကြည့်သည်။
တကယ်ပါဆိုသည့်မျက်နှာဘေးနဲ့ပြန်ကြည့်ပေးလိုက်မှ ခေါင်းရမ်းရင်း လမ်းဆက်လျှောက်နေသည်။"ဆရာ..ဆရာ...အရေးပေါ်..."
လူနာတင်ကားအသံတစ်ဝီဝီနဲ့အတူ...နပ်စ်အချို့ရော..ဆရာမတွေရော.ယောက်ယက်ခတ်ကုန်ကြသည်။...
လူနာ နှစ်ယောက်...။
သေနတ်ဒဏ်ရာတွေများသည်။..အခြေအနေကသိပ်မကောင်း.....ဟိုလူနဲ့တော့မဆိုင်လောက်ပါဘူးနော်။"ဝေလင်း..နင်ဟိုဖက်တစ်ယောက်ဆီသွားလိုက်.."
ခေါင်းငြိမ့်ပြရင်း လူနာတင်ကားပေါ်မှဆင်းလာတဲ့ လူနာကုတင်အားဝိုင်းတွန်းပေးရသည်။....
အွီးးး...သံချောင်းကြီးကလက်ကိုဖောက်ပြီး....."ခွဲခန်းအသင့်ပြင်ထားပါ.....။အရေးပေါ်လုပ်ရမှာ"
မျက်ဖြူတောင်စိုက်လျော့မယ်..သိပ်အခြေအနေမကောင်း....
![](https://img.wattpad.com/cover/219835797-288-k462711.jpg)
ESTÁS LEYENDO
ကြည်နူးရသောအမုန်း
Romanceတည်ငြိမ်တဲ့ဆရာဝန်လေးနဲ့ မျက်နှာကြောတင်းတင်းနဲ့နေတတ်ပြီး မာနကြီးတဲ့ Mafia ဂိုဏ်းတစ်ခုက လူဆိုးလေးတစ်ယောက်..မတော်တဆ ချစ်မိသွားတဲ့အခါ.....