"ဘာကိစ္စလဲ"
"ညနေပြန်ကြတော့မှာမလား။ သတိထားဦးလို့"
"ရတယ်"
Sueeရဲ့သတိပေးမှုကိုလက်ခံရရှိပြီးချိန်မှာ အနောက်မှာထိုင်ပြီအထုပ်ပြင်နေသူကိုလှည့်ကြည့်မိသည်။ သီချင်းတအေးအေးနဲ့။
"မြန်လိုက်တာ"
နားနားကပ်ပေါ်လာတဲ့အသံကြောင့် လှည့်ကြည့်မိတော့ ကိုယ့်နှုတ်ခမ်းနဲ့ထိကပ်ခါနီးပါးပြင်။ အပြန်အလှန်ဖြတ်ပြေးနေကြတဲ့သွေးကြောနီလေးတွေကအထင်အရှား။
လုပ်ပြန်ပြီဗျာ!"အမြန်လုပ်။ ထမင်းသွားစားရဦးမယ်"
ပြောပြီးချောင်းတဟန့်ဟန့်နဲ့ထွက်သွားသူ။ သူနဲ့နေရင်အသက်တိုလိမ့်မယ်။ ဒါနဲ့...ငါဘာလို့သူနဲ့နေချင်နေတာလဲ။
"ဟားးးးးးး ဝေလင်းခန့်ရာ....သေချင်တာပဲ"
•°•°•°•°•°•°•°•°•°•°•°•
ဝိုင်းစက်သွားတဲ့မျက်ဝန်းတွေ။ မျက်လုံးထောင့်ကနေအသေအချာမြင်လိုက်ရသည်။ ဒါတောင်မထိမိသေးဘူး။ ထိများထိမိလို့ကတော့။
"ရှိုင်း...ဘာတွေပြုံးနေတာလဲ"
"Nayy ငါ ယောက်ျားလေးတစ်ယောက်ကိုကြိုက်လို့ရလား"
ရှိုင်းစစ်စကားကြောင့် ဘေးနားလာရပ်တဲ့ nayyတစ်ယောက်မျက်ခုံးပင့်သွားသည်။
"ဟ အထူးအဆန်းပါလား။ ခွင့်တောင်းစရာလိုလို့လား။ ကြိုက်ချင်ရင်ကြိုက်လိုက်ပေါ့"
"ခွင့်တောင်းနေတာမဟုတ်ဘူး။ ငါကယောက်ျားတစ်ယောက်ဖြစ်နေလို့ ယောက်ျားလေးတစ်ယောက်ကိုကြိုက်လို့....မဟုတ်ဘူး... ချစ်လို့ရလားသိချင်တာ"
" zeeကောင်လေးက zeeကိုအဲ့လိုမေးဖူးတယ်။ ပြန်ပြောလိုက်တာက ယောက်ျားချင်းဆိုတော့ပိုအဆင်မပြေဘူးလားတဲ့"
"..........."
Zeeမှာ ကောင်လေးရှိမှန်းတော့သိပါတယ်။ ငါကလည်းလေ ဘာတွေမေးနေမိတာတုန်း။"ဟိုကောင်လေးလား။"
Nayyညွှန်ပြရာကိုကြည့်လိုက်တော့ အဖြူရောင်ရှပ်အင်္ကျီလေးနဲ့ အပြာရောင်ဂျင်းဘောင်းဘီကိုဝတ်ထားပြီး ရွာထဲကလူအချို့ကိုနှုတ်ဆက်နေတဲ့ ကောင်းလေး။
YOU ARE READING
ကြည်နူးရသောအမုန်း
Romanceတည်ငြိမ်တဲ့ဆရာဝန်လေးနဲ့ မျက်နှာကြောတင်းတင်းနဲ့နေတတ်ပြီး မာနကြီးတဲ့ Mafia ဂိုဏ်းတစ်ခုက လူဆိုးလေးတစ်ယောက်..မတော်တဆ ချစ်မိသွားတဲ့အခါ.....